၂ဝ၁၁ ခုနှစ် အတွင်း ရုံတင် ပြသခဲ့သော ရုပ်ရှင်ကား ၁၅ ကားအနက်မှ ရွေးချယ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) တွင် ပြန်လည် ကျင်းပခဲ့သည်။ ယခင်က မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲကို ပြည်တွင်းရှိ နိုင်ငံပိုင် ရုပ်သံလိုင်း များတွင် သတင်းများ မကြေညာမီ ပြသခြင်းနှင့် ပြည်တွင်းသတင်း အစီအစဉ် အပြီးတွင် ပြန်လည် ပြသခြင်း ဟူ၍ နှစ်ပိုင်း ခွဲပြ သော်လည်း ယခုနှစ်တွင် ညနေ ၃ နာရီအချိန်မှ စ၍ ပွဲကို စတင်ကျင်းပခဲ့ပြီး အစီအစဉ် အစအဆုံးကို ပြည်တွင်းရုပ်သံ လိုင်းများ ဖြစ်သော MI Channel, MRTV 4, Sky Net ရုပ်သံလိုင်းနှင့် MWD Channel နှင့် MWD Variety Channel တို့က ထုတ်လွှင့် ပြသခဲ့သည်။