Wed, 16th April, 2014
ရန်ကုန်၊ ဧပြီ ၅နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားသော မူဝါဒခြောက်ချက်ကို ပြန်လည် ညှိနှိုင်းရန် လိုအပ်ကြောင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အလုပ်အဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာက ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၉အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးပါက ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာရေးကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးပွဲကြီး ပြုလုပ်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
နေပြည်တော်၊ မတ် ၂၇နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဦးတည် လုပ်ကိုင်နေသော မြန်မာနိုင်ငံတွင် အပစ်အခတ် ရပ်စဲရေးလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်ပြီးစီးခြင်း မရှိဘဲ နိုင်ငံရေးဆွေးနွေးမှုများ စတင်ပြုလုပ်ပါက လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြန်လည် ဦးတည်သွားနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
နေပြည်တော်၊ မတ် ၂၅ အမျိုးသားလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည့် နိုင်ငံသားများသာ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း အပြီးသတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ရန်ကုန်၊ မတ် ၂၂ပြည်ထောင်စု အစိုးရအဖွဲ့နှင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်နေသော ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းစဉ်များမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန် ပြောဆိုလိုက်သည်။
နေပြည်တော်၊ မတ် ၁၈မဲဆန္ဒရှင်များက မဲပေးရွေးချယ်ထားသော လွှတ်တော် ကိုယ်စားလှယ်များအပြင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို ပြည်သူလူထုက လွှတ်တော် ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် ဥပဒေကြမ်းကို မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
မြစ်ကြီးနား၊ မတ် ၁၆နှစ်ပေါင်း ခြောက်ဆယ်ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ အဆုံးသတ်ရေး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရနှင့် တပ်မတော်မှာ တစ်သားတည်း ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်သည်။
ရန်ကုန်၊ မတ် ၁၃ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွင် မြန်မာ့တပ်မတော်ကို ပါဝင် ထမ်းဆောင်ရန် ကမ်းလှမ်းမှုမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ စံချိန်စံညွှန်းများအပေါ် ဆိုးကျိုး သက်ရောက်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဝေဖန်ပြောဆိုလိုက်သည်။
ရန်ကုန်၊ မတ် ၁၄ပြည်တွင်းမီဒီယာ တစ်ခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ကို ထိခိုက်ပြောဆိုမှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကို လာမည့် မတ်လ တတိယပတ် အတွင်း တရားစွဲဆိုမည် ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက The Voice သို့ ပြောကြားသည်။
ရန်ကုန်၊ မတ် ၁၃ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေမှုများ ရှိနေသောကြောင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခြောက်ဖွဲ့တို့ အကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေမှု လျှော့ချရေး သဘောတူညီ ခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာ (Myanmar Peace Center) မှ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးက ပြောကြားသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice