ကောင်းကင်မြင်း၊ မျက်လုံးနေလ၊ မသေခြင်းအမတ အဝိဇ္ဇာသည် မသိသင့်တာကိုသိတာ၊ သိသင့်တာကို မသိတာဟု မိုးကုတ်ဆရာတော်ဘုရားကြီး ဟောခဲ့ဖူးသည်။ ထိုနည်းတူ ဖြစ်နိုင်တာကို မဖြစ်နိုင်ဘူးဟုထင်ခြင်းနှင့် မဖြစ်နိုင်တာကို ဖြစ်နိုင်သည် ဟုထင်ခြင်း တို့သည်လည်း အဝိဇ္ဇာပင်ဖြစ်သည်။ ထိုအဝိဇ္ဇာမျိုးတို့ သည် ကမ္ဘာနှင့်အဝန်း နေရာအနှံ့တွင် တရစပ်ဖြစ်နေကြသည်။