Saturday, 25th May 2013

 

မန္တလေး၊ မတ် ၁

မန္တလေးနှင့် ပြင်ဦးလွင်မြို့ များတွင် ၁၉၈၂ နိုင်ငံသား စိစစ်ရေးဥပဒေနှင့် မညီဘဲ နိုင်ငံသားမိဘ နှစ်ဦးမှ မွေးဖွားသူ မဟုတ်သည့် နိုင်ငံခြားသား များအား နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးသည့် ဝန်ထမ်း များကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မန္တလေး မြို့တော်တွင် မြန်မာစကား မပြောတတ်သော နိုင်ငံသား မဟုတ်သူများကို စတင်စစ်ဆေး အရေးယူနေပြီ ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

 

မန္တလေး၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း ဒေသကြီးတွင် မိုးပွင့် စီမံချက် ၅ အရ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း နှစ်သောင်းကျော် ထုတ်ပေးရန် လျာထားကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူး ဦးသောင်းဇော်က ပြောကြားသည်။

 

မန္တလေး၊ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း ဒေသကြီးအတွင်း နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် အမေရိကန် ကုမ္ပဏီ တစ်ခုက ရင်းနှီးမြှုပ်နှံရန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံမှ သိရသည်။

 

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ပြည်ပ တက္ကသိုလ်များနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည့် မန္တလေး တက္ကသိုလ်တွင် လာမည့် ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်၌ ဂျာမနီနိုင်ငံ ကိုလုံး တက္ကသိုလ် (University of Colon) မှ နိုင်ငံခြားသား ပါမောက္ခများအား ခန့်ထားရန် ရှိကြောင်း မန္တလေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်က The Voice Weekly သို့ ပြောကြားသည်။

 

မန္တလေး၊ ဇန်နဝါရီ ၁၀

လယ်ယာမြေ ဥပဒေအရ မန္တလေးတိုင်း ဒေသကြီး အတွင်း စိုက်ပျိုးမြေများ မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီ လဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

မန္တလေး၊ နိုဝင်ဘာလ ၃၀ ရက်

မန္တလေးမြို့၌ နိုဝင်ဘာလ ၂၉ ရက်နေ့ ညဦးပိုင်း တွင် မဟာအောင်မြေ မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင် တစ်ခု မီးလန့်မှု ဖြစ်ပွားပြီး နောက် လေးနာရီ အကြာတွင် ပြည်ကြီးတံခွန် မြို့နယ်ရှိ စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ ဒေသခံ များထံက စုံစမ်း သိရသည်။

Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.