ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
စီမံကိန်းပါ အချက်အလက်များနှင့် အသုံးစရိတ် တင်ပြမှုများ မတိကျဟု ဝေဖန်ခံနေရသည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စု အစိုးရအမျိုးသား စီမံကိန်းမူကြမ်းတွင် ကျည်ကာယာဉ် ၁၇၂ စီး ဝယ်ယူရန် ငွေကျပ်သန်းပေါင်း နှစ်သောင်းနီးပါး အသုံးပြုသွားမည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးတွင် တစ်ဦးချင်း ကုန်သွယ်ခွင့် ကတ်များကို လာမည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်မှ စတင်ကာ ထုတ်ပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးသိန်းထွန်းဦး က The Voice Weekly သို့ ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ပြည်ပကြွေးမြီ များကြောင့် ဘတ်ဂျက်လိုငွေပြမှု လျှော့ချနိုင်ရန် နေပြည်တော်၌ တည်ဆောက်နေသော ကျပ် ၁၁၉၂၇ သန်း ကုန်ကျမည့် ဆေးရုံလေးရုံ တည်ဆောက်မှုကို ရပ်ဆိုင်း လိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ရုံးအသုံးစရိတ် များကို ပြည်ထောင်စုလွှတ်တော်က တိုက်ရိုက် တာဝန်ယူသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသည်။
"ဝန်ထမ်းတွေ စားဝတ်နေရေး အဆင်မပြေတာကို တာဝန်ယူမယ့် အဖွဲ့အစည်းမရှိရင် ပြည်ထောင်စု လွှတ်တော်ကပဲ တာဝန်ယူသင့်တယ်"ဟု ၄င်းကဆိုသည်။
နိုင်ငံသား ဟုတ် မဟုတ် စိစစ်ခြင်း မပြုဘဲ ဘင်္ဂါလီလူမျိုးများ အတွက် တူရကီနိုင်ငံ၏ ထောက်ပံ့ငွေဖြင့် နေအိမ် ၅၀၀၀ ကျော် ဆောက်ပေးရန် စီစဉ်နေခြင်းကို စစ်တွေမြို့ခံ ရခိုင်တိုင်းရင်းသားများက မတ်လ ၇ ရက်နေ့တွင် ဆန္ဒပြ ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်ကို ဦးဆောင်ပြုလုပ် နေသော ဒေါ်ညိုအေးက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
အစိုးရသစ် သက်တမ်း ၂ နှစ် ဝန်းကျင်တွင် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ပြောင်းလဲရန် လုပ်ဆောင်နေသည့် မြန်မာ အစိုးရက ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပကုမ္ပဏီ များကို ပါဝင်ခွင့်ပြုကြောင်း ကြေညာ ပြီးနောက် ၂၀၁၃ ခုနှစ် ဇွန်လတွင် လုပ်ကိုင်ခွင့် ပေးမည့် ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်နှစ်ခု အတွက် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၉၁ ခုက ယှဉ်ပြိုင် အဆိုပြုလွှာများ တင်သွင်းလာကြောင်း တင်ဒါ စိစစ်ရွေးချယ်ရေး ကော်မတီက ဖေဖော်ရီဝါရီ ၁၃ ရက်နေ့တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
နာမည်ကျော် လုပ်ငန်းရှင် ဦးတေဇ ပိုင်ဆိုင်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ကို အများပိုင် အဖြစ် အစိုးရက ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယင်းဘဏ်က သတင်းထုတ် ပြန်သည်။
အများပိုင်ကုမ္ပဏီအဖြစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှ စတင်၍ မှတ်ပုံတင် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ယင်ကြေညာချက် အရ သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
သန်းခေါင်စာရင်း ကောက်ယူရန် ပြင်ဆင်နေသည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသား မျိုးနွယ်စု တစ်ရာကျော်အနက် ရိုဟင်ဂျာလူမျိုး လုံးဝ မပါရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ်၊ (၃) ရပ်ကွက် မာန်ပြေ ၁၈ လမ်းနှင့် ၁၉ လမ်း (အနောက်) ကြားရှိ အစ္စလာမ် ဘာသာရေးကျောင်းကို ခွင့်ပြုချက်ထက် ကျော်လွန်ကာ တည် ဆောက်သဖြင့် ရပ်ကွက်နေသူ ၂၀၀ ကျော်တို့က ဖျက်သိမ်းပေးရန် တောင်းဆိုရာမှ ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ရပ်ကွက် အတွင်း နေထိုင် သူနှင့် အုပ်ချုပ်သူများ အကြား အငြင်းပွား မှုဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက် နေထိုင်သူများက ပြောကြားသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) ၏ အလုပ်အမှုဆောင် တာဝန် ထမ်းဆောင်လျက် ရှိသူ ဦး(.....) သည် ကျပ်လေးရာ ကိုးဆယ့်လေးသိန်း တစ်ထောင့်နှစ်ရာ (၄၉,၄ဝ၁,၂ဝဝ) ကို အလွဲသုံးစား ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ရ သည်ဟု ဂီတအစည်းအရုံး(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးရေအေးက The Voice Weekly သို့ ပြောကြားသည်။