Tuesday, 18th June 2013
  Firefox Plugin တွေ တော်တော် များများက Download Speed ကို မြန်အောင် လုပ်ပေးနိုင်ပါတယ်။ အဲဒီ Plugin တွေ အများကြီးထဲက တော်တော်လေး ကောင်းတဲ့ Plugin လေးကို ပြောပြ ပေးချင်ပါတယ်။ သူက IDM လို့ခေါ်တဲ့ Internet Download Manager လောက်နီးပါး အလုပ်လုပ်ပေးနိုင် ပါတယ်။ တကယ်လို့ IDM ကို Install လုပ်ပြီး သုံးရင်တောင် ရက် ၃၀ ပဲ ရမှာဖြစ်ပြီး Crack သုံးရင်လည်း Mozilla က လေးလာ တတ်ပါတယ်။ အဲဒီလို လေးလံတာလည်း မဖြစ်စေဘဲ Firefox က Download ဆွဲရင် အရမ်းကို မြန်ပါတယ်။ Paid Version မဟုတ်ဘဲ လူတိုင်းနီးပါး သုံးနိုင်တဲ့ အတွက်လည်း ပိုအဆင် ပြေပါတယ်။
  Android စနစ်သုံး ဖုန်းနဲ့ Tablet အသုံးပြုသူတွေ အတွက် အသုံး ဝင်မယ့် All-In-One Toolbox (17 Tools) ဆိုတဲ့ Application လေးကို ပြောပြ ချင်ပါတယ်။ ဒီ App လေးမှာ Android ဖုန်းတွေ အတွက် အလွန် အသုံးဝင်တဲ့ One Click Task Killer Cache Cleaner, HGistory Cleaner, One Click Memory Quick Boosting, Memory Status Report စတာတွေ တစ်ပါတည်း ပါဝင်တဲ့အပြင် ဒီ App တစ်ခုတည်းကပဲ လုပ်ဆောင်ချက် ၁၇ မျိုး အသုံးပြုနိုင်တာမို့ ဖော်ပြ ပေးလိုက်တာပါ။
Friday, 15 February 2013 10:12

The Voice Mobile Application Download

  The Voice Weekly ၏ သတင်းများကို iOS နှင့် Android ဖုန်း၊ Tablet များတွင် ကြည့်ရှုနိုင်ရန် Mobile Application များကို ဖြန့်ချိလိုက်ပါသည်။
မိုဘိုင်းလ်ဖုန်းနဲ့ သင်ပုန်းကွန်ပျူတာ အမှတ်တံဆိပ်တွေ အမျိုးမျိုးကွဲပြီး မတူညီတဲ့မောင်းနှင်မှု စနစ် (Operating System) တွေကြောင့် လိုအပ်တဲ့ Application နဲ့ Drivers တွေ ရှာဖို့ ခက်ခဲနေတယ် ဆိုရင်တော့ အဲဒါတွေ အားလုံးကို တစ်နေရာတည်းမှာ ရှာဖွေနိုင်မယ့် MMSD လို့ခေါ်တဲ့ Myanmar Mobile Software Developer ဆိုက်လေးကို ညွှန်းချင်ပါ တယ်။
နေ့စဉ်နဲ့အမျှ ထွက်ရှိနေတဲ့ Games တွေ Application တွေကို စုံစုံလင်လင်နဲ့ အလွယ်တကူ ရယူနိုင် မယ့် cell11.com ဆိုတဲ့ ဝက်ဘ်ဆိုက် လေးတစ်ခုကို ညွှန်ပေးချင်ပါတယ်။ ဒီဆိုက်လေးကတော့ iOS၊ Android၊Java၊ Window Phone OS၊ Sybian  အစရှိတဲ့ မိုဘိုင်းလ် OS တွေအားလုံး အတွက် စုံလင်လှတဲ့ App တွေ၊ Games တွေကို အခမဲ့ ရယူနိုင်အောင် တင်ပေး ထားပါတယ်။ လွယ်ကူရိုးရှင်းတဲ့ Website အပြင်အဆင် ရှိတဲ့အပြင် Applications တွေ၊ Games တွေ၊ Theme တွေ၊ Wallpaper တွေကိုလည်း စုံစုံလင်လင် ကဏ္ဍခွဲပြီး တင်ပေးထား ပါတယ်။
လက်ရှိအချိန်မှာ Social Network တွေဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ အသုံးပြုသူ အရေအတွက် တိုးပွားလာနေပါတယ်။ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေ၊ မိတ်ဆွေ ရောင်းရင်းတွေအတွက် အလွန် အသုံးဝင်လာပါတယ်။
အင်္ဂလိပ်လိုချက်နေတုန်း စာလုံး ပေါင်းအမှားတွေ ရှိနေရင်၊ သဒ္ဒါအမှား တွေရှိနေရင်၊ Microsoft  မှာ စာရိုက်နေ တုန်း စာလုံးပေါင်းအမှားတွေ ရှိလာရင် သတိပေးပြီး ပြင်ဆင်ပေးနိုင်မယ့ှ်Software တစ်ခုကို ပြောပြ ပေးချင်ပါ တယ်။ အဲဒီ Software က အင်္ဂလိပ်လို Grammar တွေကို ပြင်ဆင်ပေးနိုင်ပြီး တော့ မှားနေရင်လည်း မှားနေတယ် ဆိုတာကို ထောက်ပြပြီး အမှန်ကို အောက်ကနေ ရှင်းပြပေးထားပါတယ်။
ကမ္ဘာသားတွေကို ခြိမ်းခြောက် နေတဲ့ သဘာဝ ဘေးဆိုးတွေထဲက လတ်တလော မြန်မာပြည်သူ တွေကို အထိတ်တလန့် ဖြစ်စေတာကတော့ ငလျင်ဆိုတဲ့ သဘာဝ ဘေးဆိုးကြီးပါ။ ပြည်သူတွေ ကြောက်လန့်နေချိန်မှာ သတင်းအမှားတွေ ကလည်း ထွက်နေတော့ သို့လော သို့လော နဲ့ ကြောက်စိတ်တွေ နှိုးဆွ ခံနေကြရပါတယ်။သူများပြောတိုင်း ယုံနေ ရတာမျိုးမဟုတ်ဘဲ ဟုတ် မဟုတ်၊ မှန် မမှန် ကိုယ်တိုင် သိရှိ စေနိုင်ဖို့ Earthquake Alert ဆို တဲ့ Application (app) လေး ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.