Wednesday, 19th June 2013

 

အိမ်မက်ဆုံရာ Season (4) ရဲ့Winner ဖြစ်ခဲ့သည့် ထက်အောင်နှင့် တွေ့ဆုံ၍ ၎င်းစီစဉ်နေသည့် တစ်ကိုယ်တော် တေးစီးရီး အကြောင်း၊ ၎င်းကြိုက်နှစ်သက်သော ရော့ခ်ဂီတ အကြောင်းနှင့် သီချင်းဆို ပြိုင်ပွဲများအပေါ် အမြင်ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

 

မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံရမှုကြောင့် မြန်မာအလုပ်သမား အချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည်ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။

 

လူအဂီတ တေးစီးရီးဖြင့် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တဲ့ တေးသံရှင် ရေမွန်နှင့် တွေ့ဆုံပြီး Idiots အဖွဲ့ရဲ့ ဒုတိယတေးစီးရီး ခေတ်သစ်ကျောက် အကြောင်း၊ S.I.R အဖွဲ့နှင့် ထွက်ရှိမည့် တေးစီးရီးအကြောင်းနှင့် မူပိုင်ခွင့်အပေါ် သူ့အမြင်များကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

 

ရွှေရောင်းချရာမှ လူမျိုးရေး ပဋိပက္ခအသွင် ဆောင်ခဲ့သော မိတ္ထီလာမြို့၏ လူထုအုံကြွမှုနှင့် ပတ်သက်၍ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းဇော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်းထားသည်များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။

 

မိတ္ထီလာအပါအဝင် လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများမှာ ၉၆၉ နှင့် ပတ်သက်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူ၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဆရာတော် အရှင်ကုသလသာမိ၊ ပဲခူးမြို့ အောင်ဇေယျာ စာသင်တိုက် ကျောင်းထိုင်ဆရာတော် ဦးသာသနသိရီတို့နှင့် တွေ့ဆုံကာ ၉၆၉ ပေါ်ပေါက်လာပုံနှင့် ၉၆၉ အပေါ် ဆရာတော်ကြီးများ၏ အမြင်ကို တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ် ဖော်ပြအပ်ပါသည်။

 

ဂီတဘက်တွင်သာမက ရုပ်ရှင်ဘက်တွင်ပါ ခပ်သွက်သွက်လှုပ်ရှားလာသူ တေးသံရှင်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကို ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသည့် “စိုင်းစိုင်းကိုချစ်တယ်” ဗီဒီယိုဇာတ်ကား အထူးပွဲပြသသည့် အခမ်းအနားတွင် တွေ့ဆုံခိုက် အစဉ်အလာ မပြတ် နှစ်စဉ်ကျင်းပခဲ့သော သူ၏ Birthday Show အတွက် အစီအစဉ်နှင့် သူ၏ ဒိတ်ဒိတ်ကြဲ တေးစီးရီး အခြေအနေတို့ကို The Voice က မေးမြန်း ဖော်ပြလိုက်ပါသည်။

 

Voice : ပဋိပက္ခက လေးနေရာမှာ ဆက်တိုက် ဖြစ်တယ်။ အဲဒီလို ဘာသာရေး အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်နေတဲ့ အပေါ်မှာ ဘယ်လိုမြင်လဲ။

UWNS : ဒီလိုဖြစ်တာက ဥပဒေစိုးမိုးမှု အားနည်းလို့ ဖြစ်တာဆိုပြီး ကျွန်တော့်အနေနဲ့ ယူဆတယ်။ အစိုးရအနေနဲ့ ဒီကိစ္စတွေကို လူမျိုးဘာသာ မခွဲခြားဘဲ ထိထိရောက်ရောက် လျင်လျင်မြန်မြန် ကိုင်တွယ်နိုင်ဖို့ လိုပါတယ်။

 

မိတ္ထီလာတွင်ဖြစ်ပေါ်နေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခနှင့်ပတ်သက်၍ The Voice Weekly က သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရနှင့် ဆက်သွယ် မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြအပ်ပါသည်။
(နော်ကိုကို)

 

မြန်မာငြိမ်းချမ်းရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး ဌာန Myanmar Peace Centre နှင့် စပ်လျဉ်း၍ မီဒီယာများတွင် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိပါသည်။ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြား ငြိမ်းချမ်းရေးရရှိရန် ညှိနှိုင်း စေ့စပ်ပေးခြင်းကို အဓိက လုပ်ဆောင်ပေးနေသည့် အစိုးရတစ်ပိုင်း အဖွဲ့အစည်း ဖြစ်သော်လည်း အစိုးရအသံ ကိုသာ အဓိက ပဲ့တင်ထပ်ပေးနေသည်ဟု စွပ်စွဲပြောဆိုမှု ကိုလည်း ခံနေရပါသည်။ ထို့နောက် ငွေရေးကြေးရေးနှင့် လစာကိစ္စများကို လည်း ဝေဖန်လျက်ရှိပါသည်။ ထိုအခြေအနေများ ကွဲပြားစွာသိရှိနိုင်ရန် ယင်းစင်တာ၏ အထူးအကြံပေး ဦးတင်မောင်သန်းနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

ကွန်မြူနစ်ပါတီ တစ်ခုတည်းကသာ လွှမ်းမိုးထားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အဖွဲ့ဝင် နှစ်ထောင်ကျော် ပါဝင်သော နိုင်ငံရေးအကြံပေး အဖွဲ့ဟုခေါ်သည့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ကို ဖန်တီးထားသည်။ အဆိုပါအဖွဲ့တွင် ဂျက်ကီချန်း ကဲ့သို့သော နာမည်ကြီး ဟောင်ကောင် မင်းသားများ၊ ကမ္ဘာကျော် အမေရိကန် NBA ဘတ်စ်ကက်ဘော ကစားသမား ယိုမင်းမှအစ စာပေနိုဘယ်ဆုရှင် မိုယန်းအလယ် အခြား နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည်။ ယခု အင်တာဗျူးမှာ လက်ရှိ ကျင်းပပြုလုပ်လျက် ရှိသော CPPCC ကွန်ဖရင့်သို့ တက်ရောက်မည့် NBA ဘတ်စ်ကက်ဘော ကစားသမား လီယောင်မင်းကို တရုတ် ရုပ်သံလိုင်း တစ်ခုဖြစ်သော CNTV က မေးမြန်းထားချက် များကို ဖော်ပြလိုက်ပါသည်။

Page 1 of 2
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.