Mon, 21st April, 2014
ရေနဲ့ စားနပ်ရိက္ခာကြောင့် ဖြစ်မယ့်စစ်ပွဲတွေ နောင်လာမယ့် ဆယ်နှစ်လောက် အတွင်းမှာ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဥက္ကဋ္ဌ မစ္စတာဂျင်ယုံကင်က ပြောကြားခဲ့သည်။ ထိုကဲ့သို့ အဖြစ်အပျက်မျိုးကို ရှောင်ရှားနိုင်ရေးအတွက် သိပ္ပံပညာရှင်များနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ တက်ကြွလှုပ်ရှားသူများ ပေါင်းစည်းပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ကျော်လွှားနိုင်မည့် နည်းလမ်းများ ကြံဆကြရန် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌက တိုက်တွန်း လိုက်သေးသည်။ ကမ္ဘာကြီး ပူနွေးလာမှုမှသည် ကျန်လူမှု ပြဿနာများ ဆက်လက်ဖြစ်လာခဲ့ပြီး နောက်ဆုံး စားနပ်ရိက္ခာနှင့်ရေကို လုကြသော စစ်ပွဲများအထိ ဖြစ်လာနိုင်သည်မှာ အမှန်ပင် ဖြစ်သည်။ ပူနွေးလာသော အပူချိန်ကြောင့် စားကျက်မြေများ စိုက်ပျိုးခင်းများ ထိခိုက်လာပြီး အကျိုးစီးပွားများ အချင်းချင်း ထိပ်တိုက်တွေ့ ကြပေသည်။
ဘိုဂိုတာ၊ ဧပြီ ၁၈ကိုလံဘီယာလူမျိုး နိုဘယ်လ်ဆုရှင် စာရေးဆရာကြီး ဂါဘရီယယ် ဂါစီယာ မားကက်ဇ်သည် အသက် ၈၇ နှစ် အရွယ်၌ မက္ကဆီကိုနိုင်ငံတွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ၎င်းမိသားစု ပြောဆိုချက်အရ BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ဆိုးလ်၊ ဧပြီ ၁၈တောင်ကိုရီးယား အနောင်တောင် ကမ်းရိုးတန်းဒေသတွင် ဒီရေအတက်အကျ ကြီးမားနေပြီး အင်အားကြီးမားသော ရေလှိုင်းများ ဖြစ်ပေါ်နေကာ ရာသီဥတု ဆိုးရွားနေခြင်းကြောင့် အထက်တန်းကျောင်းသား ရာနှင့်ချီ လိုက်ပါလာသည့် နစ်မြုပ်သွားသော ဖယ်ရီသင်္ဘောပေါ်မှ ပျောက်ဆုံးနေသူများ ရှာဖွေရေး နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
တိုကျို၊ ဧပြီ ၅ မြောက်ကိုရီးယားနိုင်ငံက လာမည့် ရက်ပိုင်းအတွင်း ဒုံးကျည်များ စမ်းသပ် ပစ်လွှတ်နိုင်ဖွယ် ရှိခြင်းကြောင့် မြောက်ကိုရီးယား ဒုံးကျည်မှန်သမျှကို ပစ်ချရန် ဂျပန်ပင်လယ်တွင်းရှိ ဖျက်သင်္ဘောများကို ဂျပန်အစိုးရအဖွဲ့က အမိန့်ပေးထားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကဘူး၊ ဧပြီ ၄အာဖဂန်သမ္မတ ရွေးကောက်ပွဲကို လာမည့် စနေနေ့တွင် စတင်ကျင်းပမည် ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသဖြင့် လုံခြုံရေး တင်းကျပ်ထားပြီး တပ်ဖွဲ့ဝင်ပေါင်း ၂၀၀,၀၀၀ အသုံးပြု ကာကွယ်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက်၊ ဧပြီ ၄အစိုးရ ထောက်ခံသူများနှင့် ဆန့်ကျင်သူများ မကြာခဏ ဆန္ဒပြလေ့ရှိသော ထိုင်းနိုင်ငံတွင် ယခုသီတင်းပတ်ကုန်တွင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ကို ထောက်ခံသော ရှပ်နီများက မြို့တော် ဘန်ကောက်သို့လာ၍ ယင်းလပ် ထောက်ခံကြောင်း ဆန္ဒပြကြမည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ဝါရှင်တန်၊ ဧပြီ ၄အမေရိကန် စီအိုင်အေက အကြမ်းဖက်သမားဟု သံသယ ရှိသူများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်သည့် နည်းလမ်းများ အသုံးပြုခဲ့သည့် မှတ်တမ်းများကို အများပြည်သူသို့ ချပြရန် အမေရိကန် ဆီးနိတ်လွှတ်တော်က သဘောတူလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကွာလာလမ်ပူ၊ ဧပြီ ၃ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မလေးရှားနှင့် နီးသောနေရာတွင် သေနတ်သမားများက တရုတ်နိုင်ငံမှ လာလည်သော ခရီးသွားဧည့်သည် တစ်ဦးနှင့် ဖိလစ်ပိုင် လူမျိုးအပန်းဖြေစခန်း အလုပ်သမတစ်ဦး စုစုပေါင်း အမျိုးသမီး နှစ်ဦးတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားသဖြင့် မလေးရှား ရဲတပ်ဖွဲ့က အင်အား အများဆုံးသုံးကာ ပိုက်စိပ်တိုက် ရှာဖွေလျက် ရှိကြောင်း The Star သတင်းစာက ရေးသားဖော်ပြထားသည်။
ဘေရွတ်၊ ဧပြီ ၃ပြည်တွင်းစစ် ဖြစ်ပွားခဲ့သည်မှာ  သုံးနှစ်ခန့် ကြာမြင့်သွားပြီ ဖြစ်သော ဆီးရီးယားနိုင်ငံမှ ပြည်ပသို့ ထွက်ပြေး တိမ်းရှောင်နေရသော ဒုက္ခသည် များထဲတွင် လက်ဘနွန်နိုင်ငံ၌ ဒုက္ခသည်အဖြစ် စာရင်းသွင်းထားသော ဆီးရီးယားနိုင်ငံသား ဦးရေမှာ တစ်သန်းကျော်သွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ ပြောကြားချက်ကို ကိုကား၍ BBC သတင်းတွင် ဖော်ပြထားသည်။
အော့စ်တင်၊ ဧပြီ ၃အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ် အခြေစိုက် စစ်စခန်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွားခဲ့လေရာ စစ်သားသုံးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိ သွားခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice