Sunday, 26th May 2013
  ယခုဆောင်းပါးမှာ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်း ၁၉၆၆ခုနှစ်တွင် စတင်ခဲ့သော ယဉ်ကျေးမှုတော်လှန်ရေး ကာလတွင် ပညာရေးကို စတေးခဲ့ကြရပြီး ယခုအခါ လူကြီးလူလတ်ပိုင်းအရွယ် ရှိနေပြီဖြစ်သော တရုတ်စီးပွားရေးလုပ်ငန်းရှင်များ အနေနှင့် MBA သင်တန်းများ တက်ရောက်နေကြရသည့် အကြောင်းကို နယူးယောက်တိုင်းမ် သတင်းစာတွင် ရေးသားထားသော In China, Executives Flock Back to School for Unfinished Business -သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။
  ပြည်ပမှ ရွှေ့ပြောင်းအခြေချ ဝင်ရောက်လာသူများကို ဆက်ပြီးလက်ခံမလား။ ကိုယ့်နိုင်ငံမှာ လူဦးရေ ကျကျသွားတာကို လက်ပိုက်ကြည့်နေမလား ဆိုတဲ့ပြဿနာကို ရင်ဆိုင်နေရသည့် နိုင်ငံများ ၂၁ ရာစုတွင် များသည်ထက် များလာသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများထဲတွင် ထိုပြဿနာနှင့် ရှေ့တန်းတွင် အဓိက ရင်ဆိုင်နေရသည့် နိုင်ငံမှာ ဂျပန်ပေတည်း။ လာမည့် ဆယ်စုနှစ်လေးခုအတွင်း လူဦးရေ ၁၄ ရာခိုင်နှုန်း ကျသွားမည်ဟု တွက်ချက်ခန့်မှန်းထားသည်။
  လုံခြုံစိတ်ချရခြင်း ဒီနေရာမှာ သက်သောင့်သက်သာ ခံစားရတယ်ဆိုတဲ့ အာရုံ၊ လုံခြုံမှုရှိ တယ်ဆိုတဲ့ အာရုံရအောင် ဖန်တီးပါ။ တစ်ချိန်လုံး ကြောက်လန့်နေရရင် ပတ်ဝန်းကျင်ကောင်းရှိလည်း ဘာမှ အသုံးမကျတော့ပါ။ ကျွန်တော် နယူးယောက် မြို့တော် ဗဟိုပန်းခြံကို သွားခဲ့တုန်းက လုံခြုံမှုမရှိဘူးလို့ ခံစားခဲ့ရတယ်။
  (Reader’s Digest, December 1951 မှ ‘He Cared About Honesty in Government’ ဆောင်းပါးကို မြင့်အောင်ရှိန် ဘာသာပြန်ဆိုသည်။) လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်၊ ၁၉၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ တွင် သီယိုဒိုရူးဇ်ဗက်လ်တ် သည် လုပ်ကြံသတ်ဖြတ်ခြင်း ခံရသော ဝီလီယံမက်ကင်လီ၏ သမ္မတရာထူးကို ဆက်ခံခဲ့သည်။ ရူးဇ်ဗက်လ်တ်သည် ငယ်ရွယ်၍တက်ကြွပြီး ရိုးဖြောင့်သူဖြစ်ကာ ၄င်းသမ္မတရာထူး ထမ်းဆောင်နေသမျှ ကာလပတ်လုံး ဖြောင့်မတ်သည့် အစိုးရအဖွဲ့ကို အုပ်ချုပ်သွားမည်ဟု သန္နိဋ္ဌာန် ချမှတ်ထားသူဖြစ်သည်။ များမကြာမီတွင်ပင် ၄င်း၏သန္နိဋ္ဌာန် ချမှတ်မှုကို သက်သေပြရန် အကြောင်း ပေါ်ပေါက်လာခဲ့သည်။
  အနောက်အုပ်စုမှ ကော်ပိုရေးရှင်းကြီးများ၏ ဆိုက်ဘာလုံခြုံရေး အချက်အလက်များကို တရုတ်အစိုးရက ငွေပေး ထောက်ပံ့ထားသည့် ဆိုက်ဘာစောရများက ခိုးဝှက်နေသည်ဟု သက်သေအထောက်အထားဖြင့် ပြသချက်များ အပုံအပင် တွေ့ရှိရ၏။ ဒီလိုမျိုး မဖြစ်ရလေအောင် အမေရိက ဘာလုပ်ရမည်နည်း။
  ဘေဂျင်း၊ ဖေဖော်ဝါရီ ၂၀ မူးယစ်ဆေးဝါး ခေါင်းဆောင် နော်ခမ်း ကို ဖမ်းဆီးနိုင်ရေး အတွက် မြန်မာ နိုင်ငံတွင်း မောင်းသူမဲ့လေယာဉ် အသုံးပြု တိုက်ခိုက်ရန် တရုတ်နိုင်ငံက စီစဉ်ခဲ့ကြောင်း South China Morning Post သတင်းတွင် ဖော်ပြထားသည်။
  ရန်ကုန်မြို့တော် ပြန်လည်တည်ဆောက် မွမ်းမံရန် စီစဉ်နေသည့် ကာလတွင် မြို့တော်ကောင်း ဖြစ်ရန်အတွက် လက်တွေ့ အကောင်အထည် ဖော်ခဲ့သူ စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယူး၏ အတွေ့အကြုံမှာ နမူနာကောင်း တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အောက်ပါ လီကွမ်ယူးနှင့် အင်တာဗျူးကို ဘာသာပြန် တင်ပြအပ်ပါသည်။ ကောင်းထက်ဝင်း (ရန်ကုန်တက္ကသိုလ်)
  ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၉ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း ထိုင်းတောင်ပိုင်း ဒေသရှိ စစ်အခြေစိုက် စခန်းကို စီးနင်းတိုက်ခိုက်ရန် ကြိုးပမ်းခဲ့ သော မွတ်ဆလင် လက်နက်ကိုင် သောင်းကျန်းသူများကို အစိုးရက ငြိမ်းချမ်းရေး ကမ်းလှမ်း လိုက်ကြောင်း The Nation သတင်းစာက ရေးသား ဖော်ပြသည်။
  လန်ဒန်၊ ဖေဖော်ဝါရီ ၁၉ ဆိုက်ဘာ ရာဇဝတ်မှု (Cyber Crime) များ တိုက်ဖျက် နှိမ်နင်းရေးအတွက် အထူးလုပ်ငန်း အဖွဲ့တစ်ရပ် ပူးတွဲ တည်ထောင်ရန် ဗြိတိန်နှင့် အိန္ဒိယတို့ သဘောတူညီမှု ရရှိတော့မည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသားဖော်ပြသည်။
  နျူကလီးယား အရေးဖြင့် ကမ္ဘာ့နိုင်ငံများ အပေါ် စိုးရိမ်မှုများ ပေးလျက်ရှိသော မြောက်ကိုရီးယားသည် ယခု သီတင်းပတ် အတွင်း တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု ပြုလုပ်လိုက်ပြီ ဖြစ်သည်။ ယခုအခါ မြောက်ကိုရီးယား နျူအရေး သည် စိုးရိမ်ဖွယ် အနေအထားမှ ထိတ်လန့်ဖွယ် အနေအထားအထိ မြင့်တက်သွားရပြီ ဖြစ်သည်။ မြောက်ကိုရီးယားနှင့် ပတ်သက်ပါက တရုတ်မှာ မြောက်ကိုရီးယား၏ ကျေးဇူးရှင် အဖြစ်လည်းကောင်း၊ မြောက်ကိုရီးယားကို စည်းရုံး သိမ်းသွင်းလေ့ရှိသူ အဖြစ်လည်းကောင်း လေ့လာ သုံးသပ်သူများက ယူဆထားသကဲ့သို့ အမေရိကန် စသော အနောက်နိုင်ငံများကလည်း မြောက်ကိုရီးယား နျူကလီးယား အရေး နှင့်ပတ်သက်ပါက ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်လေ့ ရှိသည်ကို တွေ့ရသည်။ သို့သော် မြောက်ကိုရီးယားသည် ထိုကဲ့သို့ စည်းရုံး ထောက်ပံ့ခြင်း၊ အရေးယူ တားမြစ်ခြင်းများကို ရရှိခံစားနေရသည့် အခြေအနေမှပင် မိတ်ဆွေတရုတ် အပါအဝင် ကမ္ဘာ့နိုင်ငံများက လိုလားခြင်း မရှိသော နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုများ ပြုလုပ်ပြလိုက်ပြီ ဖြစ်သည်။ သို့ဖြင့် တရုတ်နှင့် အမေရိကန် စသော အနောက်နိုင်ငံများ နျူကလီယား ရည်မှန်းချက် ရှိသော မြောက်ကိုရီးယားနှင့် ဆက်လက်၍ မည်သို့ စခန်းသွားသင့် သည်ဆိုသည့် အမြင်များကို Foreign Policy မဂ္ဂဇင်းမှ သုံးသပ်ချက်များကို ထုတ်နုတ် ဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.