Wed, 16th April, 2014
မကြာခင်ကမှ ရွှေလက်တွဲခဲ့ကြသည့် ကိုစစ်နိုင်၊ သရုပ်ဆောင် သက်မွန်မြင့်တို့ ဇနီးမောင်နှံနှင့် တွေ့ဆုံ၍ စတင်ဆုံတွေ့ ဖြစ်ခဲ့ကြပုံ၊ ချစ်သူဘဝ အမှတ်တရများ၊ နှစ်ကိုယ်တူဘဝတစ်ခု ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းအရင်းနှင့် အနာဂတ် အစီအစဉ်များကို The Voice က မေးမြန်းထားပါသည်။
ဘောလိဝုဒ် အနုပညာ လောကတွင် နာမည်ကျော် သရုပ်ဆောင် တစ်ယောက် ဖြစ်သည့် Priyanka Chopra ကို Glamshan မဂ္ဂဇင်းက တွေ့ဆုံမေးမြန်း ထားသည်များထဲမှ သူ၏ ရုပ်ရှင်ဇာတ်ကားသစ် Gunday အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများ၊ အနုပညာ ခံယူချက်များ အကြောင်းတို့ကို ကောက်နုတ် ဖော်ပြအပ်ပါသည်။
အချစ်သီချင်းကောင်း များစွာကို ကိုယ်တိုင်ရေးသား သီဆို အောင်မြင်လာခဲ့သည့် တေးသံရှင် Lလွန်းဝါနှင့် တွေ့ဆုံပြီး မကြာမီ ဖြန့်ချိမည့် သူ၏တစ်ကိုယ်တော် ကိုယ်ပိုင်သံစဉ် စီးရီးသုံးခွေ အကြောင်း၊ ထူးအိမ်သင် အမှတ်တရ ဖျော်ဖြေပွဲအကြောင်းနှင့် လတ်တလော အနုပညာ လှုပ်ရှားမှုများ အကြောင်းကို The Voice က မေးမြန်းထားပါသည်။
ပန်းချီနယ်ပယ်တွင် နှစ်ကြည်ရှည်စွာ ရပ်တည်လာသော အမျိုးသမီး ပန်းချီဆရာမ တစ်ဦးဖြစ်ပြီး The Naked Truth အမည်ဖြင့် ရန်ကုန်မြို့တော်ရှိ Studio Square တွင် မကြာသေးခင်က ပြပွဲပြုလုပ် ပြသခဲ့သည့် ပန်းချီဆရာမ စန္ဒာခိုင်နှင့် တွေ့ဆုံပြီး Nude ပန်းချီကားများ ဆွဲဖြစ်ရသည့် အကြောင်းအရင်း၊ ယင်းပန်းချီကားများ ရေးဆွဲရန် ကြုံတွေ့ခဲ့ရသော အခက်အခဲများ ပန်းချီလောက၏ လက်ရှိ အနေအထားများကို The Voice က မေးမြန်းထားပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီများ ခိုးယူသွားခဲ့သော အနုပညာ ပစ္စည်းများကို အနုပညာရှင်၊ အတတ်ပညာရှင် တစ်စုက ပြန်လည် ရယူဖို့ ကြိုးစားသည့် The Monuments Men ရုပ်ရှင်ဇာတ်ကားကို ကိုယ်တိုင်သရုပ်ဆောင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားသည့် George Clooney ကို W မဂ္ဂဇင်းက တွေ့ဆုံ မေးမြန်းထားသည်များ အနက်မှ ၎င်းဘဝအတွက် အရေးပါသော ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ၊ အာဏာရှင် ဟစ်တလာ ဖွင့်လှစ်ရန် ကြိုးပမ်းခဲ့သော ပြတိုက်အကြောင်း၊ ၎င်းနှစ်သက်သော ရုပ်ရှင်ဇာတ်ကား ဇာတ်သိမ်းခန်းများ အကြောင်း၊ အောင်မြင် မှုရရှိခဲ့သည့် Gravity ရုပ်ရှင်ဇာတ်ကား အကြောင်းတို့ကို ကောက်နုတ် ဖော်ပြထားခြင်း ဖြစ်သည်။
ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ သင်ယူခဲ့သူ သရုပ်ဆောင်၊ တေးသံရှင် ထွန်းအိန္ဒြာဗို၏ တက္ကသိုလ် ကျောင်းသူဘဝ ဖြစ်သည်။
စင်ကာပူနိုင်ငံတွင် မော်ဒယ်လ် တစ်ဦးအဖြစ် ခြောက်နှစ်ကြာ ကျင်လည်ခဲ့ပြီးနောက် မြန်မာနိုင်ငံ မော်ဒယ်လ် လောက ခေတ်ဦးတွင် မော်ဒယ်လ် အေဂျင်စီတစ်ခု တည်ထောင်ခဲ့သူ၊ သူ၏ မော်ဒယ်လ် အေဂျင်စီမှ အောင်မြင်သော အနုပညာရှင် များစွာကို မွေးထုတ်ပေးခဲ့သူ၊ စီစဉ် တင်ဆက်သည့် ရှိုးပွဲတိုင်းကိုလည်း ဆန်းသစ်ပြီး ပရိသတ်များ ကြိုက်နှစ်သက်အောင် အမြဲကြိုးစားလေ့ရှိသူ၊ ထိုသူကတော့ ကြယ်စင်များရဲ့ ဥယျာဉ်မှူးဟု တင်စား ခေါ်ဝေါ်ရမည့် Star International Models Agency ကို တည်ထောင်သူ ကိုဂျွန်လွင် ဖြစ်သည်။
သြစတြေးလျနိုင်ငံတွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် တေးသံရှင် ယုဇနနှင့် တွေ့ဆုံပြီး တစ်ကိုယ်တော် စီးရီးသစ်အကြောင်း၊ ကိုယ်ပိုင်သံစဉ် သီချင်းများ ရေးသားဖြစ်သည့် အကြောင်းရင်းနှင့် အနုပညာစိတ်ကူး အိပ်မက်များကို The Voice က မေးမြန်း ထားပါသည်။
ဟောလိဝုဒ် ထိပ်တန်း သရုပ်ဆောင် Ben Affleck ကို Play Boy မဂ္ဂဇင်းရဲ့ဆောင်းပါးရှင် Michael Fleming က တွေ့ဆုံပြီး Batman Vs Superman ရုပ်ရှင် ဇာတ်ကားတွင် Batman အဖြစ် သရုပ်ဆောင်မည့်အပေါ် ပရိသတ်များ၏ ဝေဖန်မှုများ၊ Batman ဇာတ်ကားကို လက်ခံ ရိုက်ကူးရသည့် အကြောင်းအရင်းနှင့် ၎င်းကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သည့် Argo ဇာတ်ကားနှင့် အော်စကာဆု ရခဲ့သည့်အပေါ် ခံစားမှုတို့ကို မေးမြန်းထားခြင်း ဖြစ်သည်။
ဇတ်ကားများတွင် ကျရာဇာတ်ရုပ် မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ဇာတ်ပို့ဘဝမှ အဓိက သရုပ်ဆောင်အဖြစ် စတင် ရိုက်ကူးခွင့် ရလာခဲ့သူ သရုပ်ဆောင် ညီထွဋ်ခေါင်နှင့် တွေ့ဆုံပြီး အနုပညာ လောကသို့ စတင်ဝင်ရောက် ဖြစ်ခဲ့ပုံ၊ ခေါင်းဆောင်အဖြစ် ရိုက်ကူးရာတွင် သူကြုံတွေ့ရသော အတွေ့အကြုံများနှင့် အခက်အခဲများ၊ သူ၏ ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲ အကြောင်းတို့ကို The Voice က မေးမြန်းထားပါသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice