Wednesday, 22nd May 2013
  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ မလေးရှားနိုင်ငံတွင် ဇန်နဝါရီလ ၁ ရက်နေ့က စတင်ကျင့်သုံးနေသည့် အနည်းဆုံး လုပ်ခကို မခံစားရသော မြန်မာ အလုပ်သမားများ မတ်လအတွင်း ဂျိုဟိုးမြို့၌ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အလုပ်သမားများက ဆိုသည်။
  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ လုပ်ခလစာ ပြဿနာဖြင့် ဆန္ဒပြမှုများ မကြာခဏ ဖြစ်နေသော မြန်မာနိုင်ငံ၌ လာမည့် နှစ်တွင် အခြေခံ အလုပ်သမား များ၏ တစ်ရက် လုပ်အားခကို အမေရိကန်ဒေါ်လာ လေးဒေါ်လာ ရရှိအောင် တောင်းဆိုပေးမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၃၀ အလုပ်သမား ဆန္ဒပြမှု အကြိမ်တစ်ရာကျော် ပေါ်ပေါက်ခဲ့သော ရန်ကုန်မြို့ စက်မှုဇုန်များတွင် အလုပ်သမားများ ဆန္ဒပြ တောင်းဆိုရသည့် နောက်ခံ အခြေအနေများကို ဖော်ထုတ်ရန် စစ်တမ်း (Survey) စတင် ကောက်ခံနေပြီ ဖြစ်ကြောင်း Action Labour Rights အတွင်းရေးမှူး ဦးသူရိန်အောင်က ပြောကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၂၈ လုပ်ခ မြင့်မား၍ မြန်မာလုပ်သား အများစု သွားရောက် လုပ်ကိုင်လိုကြ သည့် တောင်ကိုရီးယား နိုင်ငံရှိ ကုန်ထုတ် လုပ်ငန်းအတွက် လုပ်သားလေးထောင် ကိုးရာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်သားများ အပါအဝင် မြန်မာလုပ်သား ငါးထောင်ကျော် ခေါ်ယူမည်ဖြစ်ကြောင်း အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီ မှ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က ပြောကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၂၉ လုပ်ငန်းခွင် ဆူပူမှုဟု ဆိုကာ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂) ရှိ တော်ဝင် မြန်မာ ဇာထိုးပန်းထိုး စက်ရုံမှ အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင် ခုနစ်ဦး အလုပ်ထုတ်ခံရမှုကို ခုံသမာဓိအဖွဲ့သို့ ဇန်နဝါရီလ ၂၅ ရက်နေ့က တင်ပြထားကြောင်း အဆိုပါစက်ရုံ အခြေခံ အလုပ်သမား အဖွဲ့အစည်း အတွင်းရေးမှူး ဒေါ်ကြူကြူသင်းက ပြောကြားသည်။
  မန္တလေး၊ ဇန်နဝါရီ ၂၄ စက်မှုဝန်ကြီးဌာန စက္ကူနှင့် အိမ်သုံးပစ္စည်း လုပ်ငန်း စက္ကူစက်ရုံခွဲ (ပလိပ်) တွင် ဖြစ်ပွားခဲ့သော အခြေခံ ဝန်ထမ်းများ အများပြည်သူအစိုးရ ရုံးပိတ်ရက် ရယူလိုခြင်း အငြင်းပွားမှုကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) က ဝင်ရောက် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း Federation of Trade Unions-Burma အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ဒေါ်ဖြိုးစန္ဒာစိုးကThe Voice Weekly သို့ ပြောကြားသည်။
  နယူးယောက်၊ ဇန်နဝါရီ ၂၃ ကမ္ဘာပေါ်တွင် ဘဏ္ဍာရေး အကျပ်အတည်းများ၊ စီးပွားရေး တုံ့ဆိုင်းမှုများ နိုင်ငံအတော်များများတွင် ဖြစ်ပွားနေစဉ် ၌ ကမ္ဘာ့ အလုပ်လက်မဲ့ ဦးရေသည် ၂၀၁၂ ခုနှစ်တွင် လေးသန်း ထပ်တိုးသွားရာ ကမ္ဘာပေါ်တွင် အလုပ်အကိုင် မရှိဟု စာရင်းဝင်သွားသူ ၁၉၇ သန်း ရှိသွားပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း ILO က စာရင်း ထုတ်ပြန်ထား ကြောင်း BBC က ဖော်ပြထားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၅နိုင်ငံတကာတွင် ရောက်ရှိနေ သော သင်္ဘောသားများ၏ အခွင့်အရေး များကို ကာကွယ်ရန် မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ ပြည်တွင်းတွင် တရားဝင် အဖွဲ့အစည်း အဖြစ် မှတ်ပုံတင် ကာ ရုံးဖွင့်ရန် လုပ်ဆောင်နေပြီဖြစ် ကြောင်း အဆိုပါ သမဂ္ဂဥက္ကဋ္ဌ ဦးသူရက ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၁၆ တရားဝင် ခွင့်ပြုချက် မယူဘဲ စီတန်း လှည့်လည်ခဲ့သော ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်ရှိ တော်ဝင်မြန်မာ သစ်အချောထည် စက်ရုံမှ အလုပ်သမားများကို မြို့နယ်နှစ်ခုက တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်၍ ရုံးတင်စစ်ဆေးမည် ဖြစ်ကြောင်း ယင်းအလုပ်သမားအရေးကို ဆောင်ရွက်သူ ဦးကျော်မင်းက ပြောကြားသည်။
မြဝတီ၊ ဇန်နဝါရီ ၁၃ထိုင်းနိုင်ငံတွင် တရားဝင်သွား ရောက်လုပ်ကိုင်သော မြန်မာ အလုပ်သမား ပြည်ပအလုပ်အကိုင် ရှာဖွေရေး အင်ဂျင်စီများမှ တစ်ဆင့် အသက်အာမခံ နှင့် ထိခိုက်မှု အာမခံကို ဇန်နဝါရီလ ၁၀ ရက်နေ့မှစ၍ စတင်ထားနိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံမှ အာမခံ ကုမ္ပဏီ တစ်ခုဖြစ်သော Thammarak Group မှ ဥက္ကဋ္ဌ ဖြစ်သူ Mr.Waril Isarangkura ကပြောကြားသည်။
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.