Sunday, 19th May 2013
  Myanmar Development Resource Institute (MDRI) ကဖွင့်တဲ့ နှစ်လကြာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ဘွဲ့လွန်သင်တန်း တစ်ခုကို ၂၀၁၂ ခုနှစ် ဇူလိုင်လထဲမှာ တက်ဖြစ်ခဲ့ ပါတယ်။ သင်တန်းမှာ ဆွေးနွေးချင်တဲ့ အကြောင်းအရာ မှန်သမျှကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ပြီး စိတ်တူကိုယ်တူ သင်တန်းသားအသစ် တွေနဲ့လည်း မိတ်ဆွေဖြစ်ခွင့် ရခဲ့လို့ အတော်ကို အကျိုးများတဲ့ သင်တန်းတစ်ခု ဖြစ်ခဲ့ပါတယ်။
  ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ ကျန်းမာရေးကဏ္ဍ ဆရာဝန် လိုအပ်ချက် များကြောင့် သင့်လျော်သော တိုင်းဒေသကြီး၊ ပြည်နယ်တို့တွင် ဆေးတက္ကသိုလ်များ တိုးချဲ့ ဖွင့်လှစ်ရန် ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် ပြောကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၂၉ တစ်ဖန် အသက်ဝင်လာသော လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ စခန်းသွင်း လေ့ကျင့်မှုကို ပညာရေးဝန်ကြီးဌာနက ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ကျောင်းသားဦးရေ ၅၁၀ ဦးဖြင့် ၂၀၁၃ ခုနှစ် မတ်လတွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က The Voice Weekly သို့ ပြောကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၁၆ သြစတြေးလျ တက္ကသိုလ်တစ်ခု ဖြစ်သော James Cook University က ချီးမြှင့်ပေးအပ်သည့် ၂၀၁၂ Best Partnership Award ကို စင်ကာပူနိုင်ငံ တွင်ပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် JCU Agent Conference 2013 တွင် မြန်မာနိုင်ငံမှ ပညာရေးအကြံပေး ကုမ္ပဏီ တစ်ခုဖြစ်သော CROWN Education က ရရှိသွားကြောင်း ယင်းကုမ္ပဏီ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
  မြန်မာနိုင်ငံရှိ အခြေခံပညာ အဆင့် ကျောင်းသား၊ ကျောင်းသူ လေးသန်းကျော်ကို သွားကျန်းမာရေး ပညာပေး Live, Learn, Laugh (L.L.L) အစီအစဉ်ဖြင့် ပညာပေးသွား မည်ဖြစ်ကြောင်း အဆိုပါ အစီအစဉ်ကို ပံ့ပိုးကူညီသည့် Unilever မှ Brand Executive ဦးဝေလင်းက ပြောကြား သည်။
  တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရာတွင် အောင်မှတ်ရရန် လွယ်ကူသော်လည်း ဂုဏ်ထူးရရန် အင်မတန် ခက်ခဲသော ဘာသာရပ်ဖြစ်သည့် မြန်မာစာ လေ့လာမှတ်သားမှုနှင့် ပတ်သက်၍ ၂၀၁၁-၁၂ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ မြန်မာစာရမှတ် ၈၃မှတ်ဖြင့် ဒုတိယ အများဆုံး ရရှိသော ဂုဏ်ထူးရှင်ဖြစ်ပြီး မြန်မာ တစ်နိုင်ငံလုံးတွင် ဘာသာစုံ ရမှတ် ၅၄၆ မှတ်ဖြင့် အဋ္ဌမရရှိသူ မောင်မင်းရှင်းသန့်၏ အတွေ့အကြုံနှင့် အကြံပြုချက်များကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။
  မြန်မာစာဂုဏ်ထူးဦးသိန်းနိုင် ၏ အကြံပြုချက်များ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် မကြာမီကျင်းပ တော့မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ တွင် ပထမဦးဆုံး ဖြေဆိုရမည့် မြန်မာဘာသာရပ် အတွက် ကြိုတင်လေ့လာ ပြင်ဆင်နိုင်ရန် မြန်မာစာ ဂုဏ်ထူး ဦးသိန်းနိုင်၏ အကြံပြုချက် များကို တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသူကျောင်းသား များအတွက် ဖော်ပြ လိုက်ပါသည်။
  ပြပွဲခန်းမထဲသို့ အဝင်ကတည်းက မြင်ရသည့် စင်နောက်ခံ မြင်ကွင်းတွင် “မြန်မာ့သုတေသနပြတင်း” ဟု အဝါရောင် ပိတ်သားပေါ်၌ အစိမ်းရောင် စာလုံးများဖြင့် ရေးသားထားသည်။ အဓိပ္ပာယ်ကို ကောက်နုတ်လျှင် မြန်မာနိုင်ငံ၏ သုတေသန လောက အတွက် ပြတင်းပေါက်တစ်ခုကို ဖွင့်ပြခြင်း၊ မြန်မာ့ပညာရေး လောက၏ လိုအပ်ချက် တစ်ခုဖြစ်သည့် သုတေသန နယ်ပယ်ကို မီးမောင်းထိုးခြင်းဟု ယူဆရမည်။
  ရန်ကုန်၊ ဇန်နဝါရီ ၈ ပညာပါရမီဖောင်ဒေးရှင်းက နယ်စပ်ဒေသရှိ ဆင်းရဲနွမ်းပါး ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ၂၀၁၃ ခုနှစ် အတွင်း စတင်ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်း ဦးဆောင်သူ တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (တန့်ယန်း) ကThe Voice Weekly သို့ မိန့်ကြားသည်။ "ဒီနှစ်ကစလို့ လျှောက်ထားနိုင်ပါပြီ" ဟု ဆရာတော်က ဆက်လက် မိန့်ကြားသည်။
  ရန်ကုန်၊ ဇန်နဝါရီ ၁၄ နော်ဝေနိုင်ငံက သုံးနှစ်ဆက်တိုက် ပေးအပ်မည့် ထိုင်းနိုင်ငံရှိ Asian Institute of Technology (AIT) တွင် တက်ရောက်ရန် ပညာသင်ဆုကို ဒုတိယ မြောက်နှစ်တွင်လည်း ပညာသင်ဆု ၄၀ ပေးမည်ဖြစ်ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ် ပါက လိုအပ်သည့် အချက်အလက်များ ကို လျှော့ထားကြောင်း AIT ၏ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ ထုတ်ပြန် ချက်တွင် ဖော်ပြ ထားသည်။
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.