Thu, 24th April, 2014

ဥပဒေတစ်ခု ထွက်ပေါ်လာရန်အတွက် ဥပဒေကြမ်းအဆင့်တွင် လွှတ်တော် နှစ်ရပ်နှင့် ကော်မတီများ၏ စိစစ်တည်းဖြတ်မှုကို ဖြတ်သန်းရသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုပြီးပါက ဆယ့်လေးရက် အတွင်း နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ထုတ်ပြန်ပေးရသည်။ နိုင်ငံတော် သမ္မတ လက်မှတ်ထိုး ထုတ်ပြန် ပြဋ္ဌာန်းပြီး ရက်ပေါင်းကိုးဆယ် အတွင်း နည်းဥပဒေ ရေးဆွဲရသည်။ ယင်းနည်းဥပဒေကို သက်ဆိုင်ရာ ဝန်ကြီးဌာနမှ တစ်ဆင့် အစိုးရအဖွဲ့က အတည်ပြုကာ ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ အတည်ပြုရသည်။

မကြာခင် မင်္ဂလာရှိသော မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အခါသမယသို့ ရောက်တော့မည် ဖြစ်သည်။ နှစ်သစ်ကူးတိုင်း နှစ်ဟောင်းမှ ကပ်ငြိလာခဲ့သော အညစ်အကြေးများ ကင်းပ သန့်ရှင်းစေခြင်းငှာ အတာရေဖြင့် ပက်ဖျန်း ဆေးကြောကြခြင်းကို အကြောင်းပြုကာ သင်္ကြန်ပွဲတော် ဖြစ်ပေါ်လာရသည်။

လာမည့် မတ်လ ၃၀ ရက်နေ့ဆိုလျှင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပေါ်ပေါက်လာသော ဒီမိုကရေစီ နာမည်ခံ အစိုးရတစ်ရပ် သက်တမ်း သုံးနှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ ကုန်လွန်ခဲ့ပြီးသော သုံးနှစ်ကာလကို ပြန်ကြည့်လျှင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး သွားချင်၊ ရောက်ချင်သည့် ဒီမိုကရေစီ ပန်းတိုင် ခရီးအတွက် မည်မျှ စွမ်းဆောင်ခဲ့သနည်းဟု မေးစရာ ရှိသည်။

နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအပေါ် မှီခိုနေသော မြန်မာနိုင်ငံသည် ထိုအများစုသော နိုင်ငံသားများ ဖွံ့ဖြိုးတိုးတက်မှု မရှိပါက နိုင်ငံတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရန် မဖြစ်နိုင်ပေ။ သို့သော် ယနေ့အချိန်အထိ လယ်ယာကဏ္ဍ ဖွံ့ဖြိုးစေရန် လက်တွေ့ကျ၍ ဖြစ်နိုင်ခြေ ရှိသော စီမံချက်၊ စီမံကိန်းများ စနစ်တကျ ရေးဆွဲ အကောင်အထည်ဖော်မှု သိသာစွာ မတွေ့ရသေးပေ။

“စာသွားကျက်ဦးလေ” “မင်းတော့ စာမကျက်ရင် ဒုက္ခရောက်တော့မှာပဲ” “စာကျက်ထားတဲ့လူ ဆိုတော့ ဖြေနိုင်တာပေါ့” စသည်တို့သည် ပညာရေးကို အလေးထားသော မြန်မာမိဘများ၊ လူကြီးသူမများ၏ မြန်မာ့ပညာရေးကို ဆွဲချနေသော စကားသံများ ဖြစ်ကြသည်။

လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေသော မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ တစ်နည်းအားဖြင့် နိုင်ငံဖွံ့ဖြိုးရေးပင် ဖြစ်သည်။ သို့ဆိုလျှင် လက်ရှိ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးမှာ မည်သည့် အခြေအနေတွင် ရှိနေပါသနည်း။

“အိမ်နီးချင်းကို ရွေးချယ်မရ” ဆိုသည်မှာ စင်ကာပူနိုင်ငံ လက်ကိုင်ထားသော သဘောတရားတစ်ခု ဖြစ်ပြီး ထိုသဘောတရားကို အခြေခံကာ နိုင်ငံကြီးပွား တိုးတက်အောင်၊ တည်ငြိမ်အေးချမ်းအောင် လုပ်ဆောင်နိုင် ခဲ့သည်ဖြစ်ရာ အင်အားကြီး အိမ်နီးချင်းများနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ အတွက် သင်ခန်းစာယူရမည် ဖြစ်သည်။ အိမ်နီးချင်းနိုင်ငံ တို့ကို ရွေးချယ်မရ၊ နဂိုကတည်းက ရှိနေပြီးဖြစ်သည့် အတွက် ထိုအိမ်နီးချင်းတို့ကို သတိထားပြီး မိမိအခြေအနေနှင့် လိုက်လျောညီထွေစွာ နေထိုင် ဆက်ဆံရမည် ဟူသော သဘောပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေကို နိုင်ငံတကာ အဖွဲ့အစည်းကြီးများ၊ ဂုရုကြီးများက ဟောပြောရှင်းလင်း ရေးသားကြသလို နောင်တွင် မည်သို့ဖြစ်မည်၊ မည်သည့်အချိန်တွင် မည်သည့်နိုင်ငံကို လိုက်မီနိုင်မည် စသည်ဖြင့် ခပ်တည်တည် ဟောကိန်းများ ထုတ်နေကြသော်လည်း မြန်မာနိုင်ငံ တွင်းတွင် လူဘယ်နှသန်း ရှိမှန်းပင် မည်သူမျှမသိကြပေ။

ကမ္ဘာ့နိုင်ငံ အသီးသီး၏ သတင်းလွတ်လပ်ခွင့်ကို လွတ်လပ်စွာ တိုင်းတာ စောင့်ကြည့်သော ပြင်သစ်နိုင်ငံ အခြေစိုက် နယ်စည်းမထား သတင်းထောက်များ အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းကို ထုတ်ပြန်လိုက်သည်။

များစွာသော လူတို့သည် ပတ်ဝန်းကျင်နှင့် ကမ္ဘာလောကကြီး တစ်ခုလုံး ပြုပြင်ပြောင်းလဲရေး ကိုသာ အားသန်နေကြပြီး မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ် သုံးသပ်ပြီး ပြုပြင် ပြောင်းလဲရန်ကိုမူ သတိမမူမိကြပေ။ ထိုနည်းတူစွာပင် မိမိ ကျင်လည်လှုပ်ရှား ရပ်တည်နေသော အဖွဲ့အစည်း၊ အသိုင်းအဝိုင်းနှင့် ပတ်သက်လျှင်လည်း ထိုသို့ပင်။

Page 1 of 4

Copyright © 2013 The Voice
All rights reserved
Powered by The Voice