Wed, 23rd April, 2014
မိတ္ထီလာ၊ ဧပြီ ၂၂မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရတနာမာရ် ရပ်ကွက်တွင် ဧပြီလ ၂၀ ရက်မွန်းလွဲပိုင်းက အသက် ၁၉ နှစ်ရှိ အမျိုးသားတစ်ဦးသည် ယခင် ကတည်းက ဝင်ထွက်သွားလာ နေထိုင်လျက်ရှိသော သူငယ်ချင်း၏ မိဘအိမ်၌ သေတမ်းစာ ရေးသားပြီး အိမ်ရှင်များ မရှိချိန်တွင် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ထွန်းက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၂၂ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၈) ရပ်ကွက် အောင်တံခွန်လမ်းရှိ ဝါးရုံတောတွင် ဧပြီလ ၂၂ ရက် နံနက် ၄ နာရီခန့်က အမျိုးသမီးငယ် တစ်ဦးနှင့် အိမ်ထောင်ရေး ဖောက်ပြန်နေသည့် ခင်ပွန်းကို ဇနီးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။
မန္တလေး၊ ဧပြီ ၂၀မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
ရန်ကုန်၊ ဧပြီ ၅လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဆိုင်ချင်းကပ် ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက် ညနေ ၄ နာရီခန့်က ဈေးရောင်းချသူ နှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ရာမှ လူစုလူဝေးဖြင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခထိ ဖြစ်ပွားခဲ့မှုတွင် အဆိုပါ ခိုက်ရန် ဖြစ်ပွားခဲ့မှု စတင်ခဲ့သော ဈေးဆိုင်မှ အမျိုးသားသုံးဦးကို ယင်းနေ့ ည ၆ နာရီခွဲခန့်က အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းကာ စစ်ဆေးလျက်ရှိကြောင်း လှည်းကူးမြို့မ ရဲစခန်းထံမှ သိရှိရသည်။
ရန်ကုန်၊ ဧပြီ ၄မှော်ဘီမြို့နယ် မြောင်းတကာ ကျေးရွာအမှတ် (၄) ရပ်ကွက် ဘုရားကြီးလမ်းတွင် ဧပြီလ ၃ ရက် ည ၇ နာရီခန့်က ယောက်ဖဖြစ်သူ ဓားထိုး အသတ်ခံရသည်ဟု ကြားသိရသောကြောင့် အသတ်ခံရသော နေအိမ်သို့ သွားရောက် ကြည့်ရှုခဲ့သော အသက် ၂၈ နှစ်အရွယ် အမျိုးသားကို  နယ်မြေခံ ရဲတပ်ရင်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် လေးဦးက နံပါတ်တုတ်များဖြင့် ဝိုင်းရိုက်နှက်ခဲ့သည်ဟု ယင်းကျေးရွာ နေသူများထံမှ သိရှိရသည်။
ရန်ကုန်၊ ဧပြီ ၃မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မြင်စိုင်းမြို့သစ်နေ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မူဆယ်တွင် အလုပ်ရမည်ဟု ဆိုကာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခဲ့သည် တိုင်ကြားခံရသည့် ဦးလေးကို ဧပြီလ ၁ ရက်နေ့က ကျောက်ဆည်မြို့နယ် ရဲတပ်ဖွဲ့စခန်းက အမှုဖွင့် အရေးယူခဲ့ကြောင်း နေပြည်တော် တိုင်းလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဒုရဲမှူးမင်းနိုင်က ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၃လှိုင်သာယာမြို့နယ် အမှတ် (၅) ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းပေါ်တွင် ဧပြီလ ၂ ရက် ည ၉ နာရီခန့်က အဆိုပါရပ်ကွက် ရာအိမ်မှူးတစ်ဦးနှင့် ဆယ်အိမ်မှူး နှစ်ဦးကို လူငယ်ခုနစ်ဦး ပါဝင်သော အုပ်စုက ဓားဖြင့်ထိုး၊ သံတုတ်ဖြင့် ရိုက်နှက်ခဲ့ကြောင်း အဆိုပါရပ်ကွက် နေသူများထံမှ သိရှိရသည်။
ရန်ကုန်၊ ဧပြီ ၂လှိုင်သာယာမြို့နယ် အမှတ် (၁၅) ရပ်ကွက် ယုဇနလမ်းတွင် နှလုံးလေဟပ် သေဆုံးသည်ဟုဆိုကာ သဂြုင်္ိဟ်တော့မည့် အသက် ၅၅ နှစ်အရွယ် အမျိုးသမီး ရုပ်အလောင်းကို သမီးဖြစ်သူက စစ်ဆေးခဲ့ရာမှ ခင်ပွန်းဖြစ်သူ၏ ရိုက်နှက်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ကျိုင်းတုံ၊ ဧပြီ ၂ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် မိုင်းဇင်း ကျေးရွာအုပ်စု နောင်နွန်း အာခါရွာနေ ဆိုင်ကယ်ခိုးယူသည်ဟု ယူဆရသည့် အသက် ၂၀ နှစ်ရှိ လူငယ်တစ်ဦးကို ၎င်းခုနစ်စီးမြောက် ခိုးယူလာသည့် Honda Wave 100 စီစီ အမျိုးအစား အနီ/နက်ရောင် မော်တော်ဆိုင်ကယ်နှင့်အတူ မတ်လ ၂၃ ရက် ည ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်သိန်းက ပြောကြားသည်။
ရန်ကုန်၊ ဧပြီ ၁မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်၏ ဥက္ကဋ္ဌ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် တောင်သူလယ်သမားအရေး ဆောင်ရွက်သူ ဦးဝင်းချိုတို့ကို ကျောက်တံတားမြို့နယ် တရားရုံးက ဧပြီလ ၁ ရက်နေ့တွင် ထောင်ဒဏ်သုံးလ ချမှတ်လိုက်ကြောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice