Sat, 19th April, 2014
ရန်ကုန်၊ မတ် ၂၅ဗြိတိသျှကောင်စီနှင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်မည့် Premier Skills သင်တန်းကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ပြောရေး ဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးမှာ ဦးဘန်နီတင်အောင် ဖြစ်သည်။ ဦးဘန်နီ တင်အောင်သည် အဆိုပါ ရာထူးကို ဆယ်စုနှစ် နှစ်ခုကြာ တာဝန်ယူခဲ့သူ ဖြစ်ပြီး မကြာမီ ကာလတွင် ယင်းရာထူးက အနားယူတော့မည် ဖြစ်သည်။ သူသည် မြန်မာ့လက်ရွေးစင် ဘောလုံး ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်ပြီး အာရှဘောလုံး အဖွဲ့ချုပ်က ၂၀၀၉ ခုနှစ်တွင် ချီးမြှင့်သည့် AFC Gold Service Awards ဆုကို ရရှိခဲ့သည့် မြန်မာ ဘောလုံးကစားသမား သုံးဦးအနက် တစ်ဦး ဖြစ်သည်။
၂၀၁၃ ခုနှစ်အတွင်း ပရိသတ်ချစ်ခင်မှု အများဆုံး ရရှိခဲ့သော ဘောလုံးသမားကို ပြပါဆိုလျှင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် တတိယနေရာဖြင့် ကျေနပ် ခဲ့ရသော်လည်း ပြည်သူများ ပေးအပ်သော ချစ်ခင်မှု ရွှေတံဆိပ်ဆုကို ရရှိခဲ့သော မြန်မာအမျိုးသမီး အသင်း၏ နံပါတ် (၇) အင်္ကျီဝတ်ဆင်သူ ကွင်းလယ်ဗိုလ်ချုပ်၊ မြန်မာ အမျိုးသမီးအသင်း၏ ပရိသတ် အားပေးမှု အများဆုံး ကစားသမား၊ သူမ၏အမည်ကို ကိုယ်ပေါ်တွင် ဆေးမင်ကြောင် (Tattoo) ထိုးပြီး ဂုဏ်ပြုခြင်းခံခဲ့ရသော ပထမဆုံး အမျိုးသမီးအား ကစားသမား၊ ပြည်သူများ၏ ချစ်ခင်မှုများဖြင့် ထွေးပွေ့ခြင်း ခံခဲ့ရသူအဖြစ် သတ်မှတ်ပြီး ချစ်ထွေးလေးဟု ပရိသတ်များကခေါ်သူ  သန်းသန်းထွေးကိုပင် ရွေးချယ်ပြသမိမည် ဖြစ်သည်။
  ကွန်မြူနစ်ပါတီ တစ်ခုတည်းကသာ လွှမ်းမိုးထားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အဖွဲ့ဝင် နှစ်ထောင်ကျော် ပါဝင်သော နိုင်ငံရေးအကြံပေး အဖွဲ့ဟုခေါ်သည့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ကို ဖန်တီးထားသည်။ အဆိုပါအဖွဲ့တွင် ဂျက်ကီချန်း ကဲ့သို့သော နာမည်ကြီး ဟောင်ကောင် မင်းသားများ၊ ကမ္ဘာကျော် အမေရိကန် NBA ဘတ်စ်ကက်ဘော ကစားသမား ယိုမင်းမှအစ စာပေနိုဘယ်ဆုရှင် မိုယန်းအလယ် အခြား နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည်။ ယခု အင်တာဗျူးမှာ လက်ရှိ ကျင်းပပြုလုပ်လျက် ရှိသော CPPCC ကွန်ဖရင့်သို့ တက်ရောက်မည့် NBA ဘတ်စ်ကက်ဘော ကစားသမား လီယောင်မင်းကို တရုတ် ရုပ်သံလိုင်း တစ်ခုဖြစ်သော CNTV က မေးမြန်းထားချက် များကို ဖော်ပြလိုက်ပါသည်။
  ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကို ယူ ၂၃ ပဏာမ လက်ရွေးစင်အသင်းမှ ပြန်လွှတ်ခံရခြင်းနှင့် ပတ်သက်၍ ၄င်းနေထိုင်ရာ သာကေတတွင် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို စုစည်း ဖော်ပြပေးလိုက် ပါသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၇မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ရန်ကုန်မြို့ တွင် နိုင်ငံတကာ အားကစား သမားများ ပါဝင်သော ရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် ပြိုင်ပွဲကို ယနေ့ (ဇန်နဝါရီ ၂၇ ရက်) နံနက် ၅နာရီ တွင် ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် လူဦးရေ တစ်ထောင် ကျော် ယှဉ်ပြိုင် ခဲ့ကြပြီး အမျိုးသမီး ပြိုင်ပွဲဆု များကို မြန်မာက ရရှိခဲ့သည်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice