အမေရိကန်မြန်မာ ကုန်သွယ်မှုလမ်းကြောင်းသစ် ဟူသော ဦးတည်ချက်ဖြင့် မြန်မာ့မြေသို့ Chevron, Asia Global Xpress, e-bay, Google, McDonalds, KFC အစရှိသည့် နာမည်ကျော် အမေရိကန် လုပ်ငန်းရှင်များ တစ်စုတစ်ဝေးတည်း ရောက်နှင့်နေပြီဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်ရေး အတွက် ရှေ့ဆက်ရန် လုပ်ငန်းများကို အပြုသဘော ဆောင်ရွက်ဆွေးနွေး ခဲ့ကြသော်လည်း လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အမေရိကန်ကုန်သည်များ၏ စိတ်ဝင်စားမှု အခြေအနေ၊ နှစ်ဦးနှစ်ဖက် အခက်အခဲ၊ နှစ်ဖက်အစိုးရ ဖြည့်ဆည်းပေးရမည့် လုပ်ငန်းဆောင်တာများ၊ နိုင်ငံသားများ ပြင်ဆင်ထားရမည့် လိုအပ်ချက်များကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ဆယ်နှစ်ကြာ နေထိုင်၍ MS GLOBAL အမည်ရှိ စီးပွားရေးအကြံပေး ဝန်ဆောင်မှုလုပ်ငန်းကို ဦးစီးလုပ်ကိုင်နေသော မြန်မာလူမျိုး ဦးအောင်စိုးလွင် (ခ) Mr. Sammy Samuel အား တွေ့ဆုံမေးမြန်းမှု များကို ကောက်နုတ် ဖော်ပြအပ်ပါသည်။