Sat, 19th April, 2014
Wednesday, 20 March 2013 05:32

မရှိမဖြစ် စီမံခန့်ခွဲမှု

Written by 

 

မရှိမဖြစ် စီမံခန့်ခွဲမှု
ရဲမြင့် (စွန့်ဦးတီထွင်)
ထုတ်ဝေတိုက် - လမင်းသစ်စာပေ
တန်ဖိုး- ၂၀၀၀

အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ရာ အခြေခံအကျဆုံး လိုအပ်ချက် တစ်ခုဖြစ်တဲ့ စီမံခန့်ခွဲမှု အကြောင်း အဓိကမီးမောင်းထိုး ဖော်ပြထားတဲ့ ဆောင်းပါးတွေ ပါဝင်တယ်။ စီမံခန့်ခွဲမှု ဆိုတာဟာ လူအများအပြားနဲ့အတူ လုပ်ချင်တာ၊ ဖြစ်ချင်တာတွေ ပြီးမြောက်အောင်မြင်အောင် လုပ်ကိုင်စေနိုင်တဲ့ ပညာရပ်တစ်ခု ဖြစ်တယ်လို့ အရိုးရှင်းဆုံး ဖွင့်ဆိုထားတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေး နယ်ပယ်ထဲမှာ အောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ဖို့ လိုအပ်တဲ့အချက် ငါးချက်ကို “ယနေ့ ဈေးကွက်တွင် ဘာလိုနေသလဲ” ဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရပါလိမ့်မယ်။

"ဦး ဒီဘောလ်ပင်ကိုကော တကယ်ယူမှာလား။ တကယ်ဝယ် မယ်ဆိုရင်တော့ Refill ထုတ်ပြမယ်။ မဝယ်ဘူးဆိုရင်တော့ ....." ဒီလိုဖြစ်ရပ်မျိုး တွေကို “အရောင်းဇာတ်လမ်းစုံ” မှာဖတ်ရှုရပါမယ်။ ဆိုင်ဖွင့် ထားသူတွေ၊ လုပ်ငန်းတစ်ခု ထူထောင်ထားသူတွေ ကိုယ်များ အဲဒီလို အရောင်းဝန်ထမ်း ခန့်ထားမိသလားလို့ ဆန်းစစ်ကြည့်မိ စေနိုင် တယ်။ “ဘဝပင်လယ် ဖြတ်ကူးနေသူတို့ အကြောင်း(၂)”ဆိုတဲ့ ဆောင်းပါး မှာတော့ စိတ်ပျက်ဖွယ် ကောင်းလှတဲ့ ကုမ္ပဏီဝန်ထမ်း တချို့ရဲ့ စိတ်နေစိတ်ထားတွေနဲ့ အကျင့်ဆိုးတွေကို ထောက်ပြထားတယ်။

အမြဲထာဝရ အဆိုးမြင်ဝါဒ ကိုင်စွဲထားတတ်တဲ့ ဝန်ထမ်း၊ ဂါရဝ တရားကင်းမဲ့တဲ့ ဝန်ထမ်း၊ ကုမ္ပဏီပေါ် ကျေးဇူးကန်းတဲ့ ဝန်ထမ်း စသလို ဖတ်ရမယ်။ ဖြစ်ရပ်လေးတွေ အကြောင်းအရာလေးတွေ ဖတ်ရင်း ဘက်နှစ်ဖက်ကိုမျှ တွေးမိစေပါတယ်။ မ-မန်နေဂျာအမှား ရှောင်ပါ၊ မရှိမဖြစ် လူသားအရင်းအမြစ်၊ အစွမ်းမဲ့ လူကြီးများသို့ သို့မဟုတ် စွန့်ဦးတီထွင်နှင့် စီမံခန့်ခွဲမှု၊ ၂၀၁၂ ခုနှစ် အခင်းအကျင်းသစ်တွင် မိမိကိုယ်ကို မြှင့်တင်ခြင်းစတဲ့ ဆောင်းပါးပုဒ်ရေ ၂၀ နီးပါးပါဝင် တယ်။ စီမံခန့်ခွဲမှုကို အကြမ်းဖျင်း ထိတွေ့လိုသူတွေ အတွက်လည်း အသုံးတည့်မယ့် စာအုပ်မျိုးပါ။

Copyright © 2013 The Voice
All rights reserved
Powered by The Voice