Wed, 23rd April, 2014
Thursday, 14 March 2013 12:03

ကြောက်ရွံ့ခြင်းကင်းဝေး အောင်မြင်မှုပန်းတိုင်

Written by 

 

ကြောက်ရွံ့ခြင်းကင်းဝေး အောင်မြင်မှုပန်းတိုင်
ဇင်သန့်
ထုတ်ဝေတိုက် - ဒို့လမ်းစာပေ
တန်ဖိုး - ၁၅၀၀

မူရင်းစာရေးသူ Harold Sherman ရဲ့ How to Lose Your Fears and Find Your Key to Happiness ကို မြန်မာဘာသာ ပြန်ဆိုထားတာပါ။ တက်ကျမ်းအမျိုးအစား စာအုပ်ဖြစ်ပြီး စိတ်ရဲ့စွမ်းအင် နဲ့ စိတ်ရဲ့ဆန်းကြယ်မှုကို အလေးပေး ဖော်ပြထားပါတယ်။ ဘာသာပြန်ဆိုသူက ဒီစာအုပ်မဖတ်ခင် သူ့ရဲ့အမှာကို ဦးစွာဖတ်ဖို့ တိုက်တွန်း ထားတယ်။ ဒီအမှာကို ဖတ်ရင်း စာအုပ်ပါအကြောင်း အရာကို ကြိုတင်ထိတွေ့ခွင့် ရမှာ ဖြစ်သလို မြန်မာဝေါဟာရ ဖလှယ်မှုတချို့ကိုလည်း ဘာကြောင့် အခုလို ဖလှယ်ဖြစ်ခဲ့ကြောင်း ထည့်ရေးထားတာ ဖတ်ရပါမယ်။

စိတ်အာရုံမှာ မကောင်းတဲ့ အကုသိုလ်စိတ်တွေကို ပယ်ပြီး ကောင်းတဲ့ကုသိုလ်စိတ်၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့ဆန္ဒတွေကို အာရုံ ကပ်ငြိစေမယ်ဆို ကောင်းတဲ့အဖြစ် တွေနဲ့သာ ကြုံတွေ့နိုင်မယ် ဆိုတာ ဒီစာအုပ်မှာ လက်တွေ့ပြထားတယ်။ ကြီးပွားချမ်းသာ ပျော်ရွှင်ချမ်းမြေ့ဖို့ အတွက် စိတ်ကိုလေ့ကျင့်ပြီး စေခိုင်းနိုင်မယ့် နည်းလမ်း တွေကိုလည်း လက်တွေ့သာဓကတွေ အကိုးအကားတွေနဲ့ တင်ပြပေး ထားတာ တွေ့ပါတယ်။

ဒီလိုစိတ်ကို နိုင်နင်းအောင် ကျင့်တဲ့နေရာမှာလည်း ဗုဒ္ဓဘာသာဝင် တွေရဲ့ တရားရှုမှတ် ဆင်ခြင်တဲ့သဘောနဲ့ တူတာမို့ ဗုဒ္ဓဘာသာဝင်တွေ အတွက် နားလည်လွယ်ပြီး ပိုမို စိတ်ဝင်စားနိုင်မယ်လို့ ဘာသာပြန်သူက မှတ်ချက်ပြုထားတယ်။ ကိုယ့်ကိုယ်ကိုယ် သနားခြင်းဆိုတဲ့ အခန်းမှာ ပါဝင်တဲ့ အာဇာနည်ရောဂါ ဆိုတဲ့ အကြောင်းအရာလေးကို ဖတ်ရင်း ကိုယ့်မှာများ ဒီရောဂါ ရှိလေသလားလို့ အတွေးဝင်မိနိုင်သလို ကိုယ့်ဘေးနားဝန်းကျင်က အာဇာနည် ရောဂါသည် တွေကိုလည်း မြင်ယောင်လာစေမှာ ဖြစ်တယ်။

အဇ္ဈတ္တသရုပ်၊ ရုပ်ခန္ဓာ၊ ကြောက်ရွံ့ စိုးရိမ်စိတ်ကို ထိန်းချုပ်နည်း၊ ဘဝကို အလေးအနက်ထားခြင်း၊ ဆုံးဖြတ်ချက် အရည်အသွေး၊ နားလည်သိတတ်မှု၊ ဘဝအောင်မြင်ရေး စတဲ့ အခန်းပေါင်း ၁၀ ခန်းရဲ့အောက်မှာမှ သက်ဆိုင်ရာ ခေါင်းစဉ်ခွဲတွေနဲ့ ပိုင်းဆစ် တင်ပြပေးထားတယ်။ စိတ်ရဲ့ စွမ်းအင်ကို အကောင်းဘက်ကို ပြောင်းဖို့ လမ်းညွှန်ပေးနိုင်မှာ ဖြစ်သလို ကိုယ်ဘာဖြစ်နေတယ် ဆိုတာကိုလည်း ပြန်လည် ဆန်းစစ်နိုင်အောင် ထောက်ပြမှာမျိုးတွေ ဖတ်ရှုရပါမယ်။

Copyright © 2013 The Voice
All rights reserved
Powered by The Voice