Friday, 24th May 2013
Wednesday, 30 January 2013 09:50

ပြောပြစမ်းချင် နာဂတစ်ခွင်

Written by 
Rate this item
(0 votes)

 

ပြောပြစမ်းချင် နာဂတစ်ခွင်
ကမ္ဘာလှည့် တင်တင်စိန်
ထုတ်ဝေတိုက် - လာဘ်မိုးဆွေ
တန်ဖိုး- ၃၀၀၀

နာဂတွေရဲ့ အကြောင်း အတော် စုံစုံကို စုစည်း တင်ပြထားတယ်။ တည်နေရာ နယ်နိမိတ်တွေ အပါအဝင် နာဂမျိုးနွယ်စု တွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ စိုက်ပျိုးရေး စတာတွေကို ကိန်းဂဏန်း အချက်အလက်တွေ ဇယားတွေနဲ့ တကွ ပြုစု ပေးထားတယ်။

“မိဘများမှာ အသက် ၁၆ နှစ် ပြည့်သော အပျိုအရွယ် သမီးများကို မိမိ အိမ်တွင် ထားသော ဓလေ့ထုံးစံများ မရှိ ပါ။ အရွယ်ရောက်သော သမီး မိန်းကလေး ကို ရွာဦး ထိပ်မှာ ဆောက်ထားသော “ပန်းအိမ်ယာ” ကို မဆိုင်းမတွ ပို့ကြရ ပါသည်” ဆိုတဲ့ စာသားတွေပါဝင်တဲ့ စိတ်ဝင်စားဖွယ် ပန်းအိမ်ယာ ဓလေ့ အကြောင်းလည်း ဖတ်ရပါမယ်။ နာဂ လူမျိုး တွေရဲ့ပွင့်လင်း လွတ်လပ်တဲ့ သဘာဝ၊ ငွေကြေး မက်မောမှုမရှိပုံ စတာတွေကို လည်း ဥပမာ တွေနဲ့ ထုတ်ရေး ပြထားတယ်။

တစ်မြေတည်းနေ တစ်ရေတည်း သောက်၊ တစ်နိုင်ငံတည်း သားချင်းတွေ ဖြစ်တဲ့ နာဂတွေရဲ့အကြောင်း ဗဟုသုတရဖွယ် ဖတ်ရပါမယ်။ ဓာတ်ပုံ မှတ်တမ်းတွေကို လည်း ဝေဝေဆာဆာ ထည့်သွင်းပေး ထားတယ်။ နာဂ မျိုးနွယ်စုတွေရဲ့ ထင်ရှားတဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်တွေရဲ့အကြောင်း၊ အမှတ်တရ ဓာတ်ပုံများ၊ ချင်းတွင်းမြစ် ကို စုန်ဆင်းခြင်း၊ မြန်မာအလှ ဆလုံ ဒေသ စတဲ့ ခေါင်းစဉ်ခွဲပေါင်း ၂၀ ကျော် ပါဝင်တယ်။

Read 1890 times Last modified on Tuesday, 05 February 2013 11:32
Tribune Times Joomla 2.5 Template
(C) 2012 Monev Software LLC / joomlaxtc.com
All demo content is for demonstration purposes only. All images and content
Copyrights remain with the photographer and original authors.