Wed, 16th April, 2014
Sunday, 06 April 2014 04:10

အမှိုက်ကောက်သူ

ဝူဟန်မြို့တော်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ဆီလီကွန် တောင်ကြားဟု ပြောရလောက်သည့် နည်းပညာပစ္စည်းများ ထုတ်လုပ်ရာ မြို့တော် ဖြစ်သည်။ မိုးမျှော်တိုက်ကြီးများ၊ အထပ်ထပ် လမ်းမကြီးများနှင့် အလွန်အင်မတန် ခေတ်မီသည့် မီဂါမြို့တော်ကြီး တစ်ခုဖြစ်နေပေပြီ။ ရေအိုင်များ၊ မြစ်များကလည်း မြို့ကိုဖြတ်ပြီး တည်ရှိနေခဲ့ရာ ခေတ်မီ အသွင်သဏ္ဌန်များ၊ သဘာဝ ရှုခင်းများ ပေါင်းပြီး အလွန်ပဏာ တင့်သည့်နေရာဟု ဆိုရပေမည်။ အဆိုပါ မြို့တော်ဝူဟန်၏ လမ်းမ တစ်နေရာတွင် ဖြစ်သည်……။

နေကြတ်ခြင်းကို နေ-လ-ကမ္ဘာတို့ inline တစ်တန်းတည်း ကျချိန်-လဆန်းရက်မှာ ဖြစ်ပေါ်တတ်ပါသည်။ နေကြတ်ခြင်းက နေနှင့်လတို့က လောင်ဂျီတွဒ် မျဉ်းတစ်ကြောင်းတည်းအပေါ် Exact Conjunction တိတိပပ ပူးယှဉ်နေချိန်၌ လဝန်းက နေဝန်းပေါ်သို့ တိတိကျကျ ဖြတ်၍ နေလုံးကြီးကို လုံးလုံးလျားလျား ဖုံးအုပ်သွားခြင်း ဖြစ်၍ ထိုအဖြစ်အပျက်ကို Total Solar Eclipse နေသဗ္ဗကြတ်ခြင်းဟု ခေါ်ဆိုကြခြင်းပင် ဖြစ်သည်။ နေကြတ်ခြင်းမှာ ၁။ Total Solar Eclipse နေသဗ္ဗကြတ်ခြင်း၂။ Partial Eclipse နေတစ်ပိုင်းတစ်စ ကြတ်ခြင်း၊ ၃။ Annular Eclipse နေမီးကွင်း သဏ္ဌာန်ကြတ်ခြင်းနှင့် ၄။ Hybrid Eclipse သို့မဟုတ် Special Eclipse နေသည် တစ်ချိန်တည်းမှာ Annular Eclipse နေမီးကွင်း သဏ္ဌာန် ကြတ်နေရာမှာ တဖြည်းဖြည်း Total Eclipse နေသဗ္ဗကြတ်ခြင်း လုံးလုံးလျားလျား အမှောင် ကျသွားတတ်သော တစ်ချိန်တည်း နှစ်မျိုးကြတ်သွားခြင်း အဖြစ်အပျက်ကို အထက်ပါအတိုင်း Hybrid Solar Eclipse ဟု ခေါ်ဆိုကြပါသည်၊

နှစ်စဉ်တန်ခူးလ ရောက်ပြီ ဆိုသည်နှင့် မြန်မာလူမျိုးတိုင်း၏ နှလုံးသားထဲတွင် တစ်နှစ်တာလုံး ငုပ်လျှိုးနေခဲ့သော သင်္ကြန်ပိုးလေးက ခေါင်းပြူလာစမြဲ။ မြန်မာမှန်လျှင် သင်္ကြန်ကို ချစ်ကြသည်ပင်။ ဘဝ၀မ်းရေး၊ ပညာရေး၊ စီးပွားရေး စသည့် ရည်မှန်းချက် အသီးသီးအတွက် ပြည်ပနိုင်ငံများတွင် ရုန်းကန် လှုပ်ရှားနေကြရသော ရွှေမြန်မာများ ဆိုလျှင်လည်း သင်္ကြန်ပွဲတော် နီးလာသည်နှင့် အမိမြေကို ပြန်ချင်သည့်စိတ်က ပိုမိုထက်သန် ပြင်းပြလာကြမည်မှာ အမှန်။

ရှမ်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့တွင် ကျင်းပသော (၆၆) နှစ်မြောက် ချင်းအမျိုးသားနေ့တွင် သူ့ကိုတွေ့ခဲ့ရသည်။ အသားညိုညို၊ ကွမ်းတမြုံ့ မြုံ့၊ ပြုံးစစ ပုံစံဖြင့် ပြခန်းအတွင်း ဝင်ရောက် ကြည့်ရှုသည့် ဧည့်သည်များအား ချိတ်ဆွဲထားသော ချင်းရိုးရာ အသုံးအဆောင်များ အကြောင်းကို လိုက်လံရှင်းပြနေသည်။

မကြာမီ မြန်မာ့နှစ်သစ်ကူးချိန်ကို ကြိုဆိုမည့် ရေကစားပွဲတော် ကျင်းပတော့မည်။ ရေကစားရန် အကောင်းဆုံး အချိန်များတွင် အပူညွန်းကိန်းက အမြင့်သို့ ဦးတည် နေပေလိမ့်မည်။ ယခုနှစ် အပူသင်္ကြန်ကို မည်သို့ အန်တုမည်နည်း။

အပူရှိန်ပြင်းသော အညာနွေရက်များတွင် ကျောက္ကာလမ်းမကြီး တစ်လျှောက်ရှိ တမာပင်တန်းမှာ အရိပ်အပြင် အခြားဝန်ဆောင်မှုလည်း ပေးနေရသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု ဧပြီလ ၃ ရက်နေ့တွင် ငါးရက်မြောက်လေပြီ။ အပြီးသတ် မည်သို့ ဇာတ်ချုပ်မည်ကိုကား အားလုံးက ကြည့်နေသည်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအပေါ် အဓိက မှီခိုနေရသော တိုင်းပြည်၏ ဝင်ငွေလမ်းကြောင်းကို ပြောင်းရန်နှင့် လူထုအခြေပြု ဘဏ္ဍာရေးစနစ်သစ် တစ်ခုအတွက် အစိုးရက ခြေလှမ်း ပြင်လာပြီ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတလောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည့် ဂျိုကိုဝီဒိုဒိုသည် မတ်လ ၂၉ ရက်နေ့လယ်ခင်းက အနောက်ဂျာဗားရှိ ကီရန်ဂျာ သုံးထပ်ကုန်တိုက်ကြီးသို့ မမျှော်လင့်ဘဲ ရောက်လာခဲ့သည်။ ကုန်တိုက်အတွင်းရှိ အရောင်းဈေးသည်များ၊ ဈေးဝယ်နေသူများ အံ့အားသင့်သွားကြပြီး သူ့ထံသို့ အပြေးအလွှား ရောက်ရှိလာကြကာ ဓာတ်ပုံတွေ ရိုက်ကြသည်။

အပစ်အခတ် ရပ်စဲရေးကြောင့် သေနတ်သံ တိတ်ဆိတ်လျက် ရှိသော၊ မဖွံ့ဖြိုးသေးသည့် ကရင်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းလျက် ရှိသော သံလွင်မြစ်ပေါ်တွင် အစိုးရက ရေကာတာများ တည်ဆောက်ခြင်းဖြင့် လျှပ်စစ်မီး ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာထားရာ ဒေသခံများအကြား လျှပ်စစ်မီးရရှိရေးနှင့် သံလွင်မြစ် ထိန်းသိမ်းရေးဟူသော သဘာဝ ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးရေး နှစ်ခုကြားတွင် ရွေးချယ်ရ ခက်နေသည့် အခြေအနေ ဆိုက်ရောက်လျက် ရှိသည်။

Page 1 of 21

Copyright © 2013 The Voice
All rights reserved
Powered by The Voice