
ထောင်ကျော်တန် ဆင်း(မ်)ကတ် ပေါ်ထွက်လာရန် ကြံ့ခိုင်ရေးပါတီ အဆိုတင်သွင်းမည် ဟုဆို
Written by The Voice Weekly Monday, 20 February 2012 21:59
ရန်ကုန် ဖေဖော်ဝါရီ ၂၀
ပြည်သူလူထုအကြား ငါးထောင်တန် မိုဘိုင်းလ် တယ်လီဖုန်းများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး နေကြချိန်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကျင်းပဆဲဖြစ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်သွယ်ရေး ဥပဒေနှင့် လိုက်လျောညီထွေ ဖြစ်မည့် ငွေကျပ်ထောင်ကျော်တန် ဆင်း(မ်)ကတ်များ ပေါ်ထွက်လာရန် အဆို တင်သွင်းသွားမည် ဖြစ်ကြောင်း ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စီစစ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်သိန်းလင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။
မြန်မာ - မလေးရှား တရားဝင် ငွေလွှဲလုပ်ငန်း ဧရာဝတီဘဏ် စတင်
Written by The Voice Weekly Saturday, 18 February 2012 12:37
မလေးရှား နိုင်ငံရောက် မြန်မာ လုပ်သားများ အနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ကာ ဧရာဝတီဘဏ်မှ တစ်ဆင့် တရားဝင် ငွေလွှဲပို့နိုင်ပြီ ဖြစ်ကြောင်း ယင်းဘဏ်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၉ရက်တွင် The Voice Weekly သို့ ပြောကြားသည်။
ရန်ကုန် မြေအောက်ရထား စီမံကိန်း မြေပုံ စီးပွားရေး ဈေးကစားမှု ဖြစ်နိုင်
Written by The Voice Weekly Friday, 03 February 2012 10:48
အင်တာနက် လူမှုကွန်ရက် အပါအဝင် အွန်လိုင်း စာမျက်နာများတွင် ထွက်ပေါ်နေသည့် ရန်ကုန် မြေအောက်ရထား လိုင်းများနှင့် ဘူတာများ ပါဝင်သည့် မြေပုံသည် ယခုရက်ပိုင်း ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေဈေးကို စီမံကိန်းများ မက်လုံးပြ၍ ဆွဲတင်နေသည့် စီးပွားရေး သမားများ၏ လုပ်ကြံ ဈေးကစားမှု ဖြစ်နိုင်ကြောင်း မီးရထား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
ပြည်သူများ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Written by The Voice Weekly Sunday, 29 January 2012 16:26
ပြည်သူလူထု အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာစေလိုကြောင်း ထားဝယ်ဒေသသို့ နေ့ချင်းပြန်ခရီး ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြား လိုက်သည်။
၈၈ မျိုးဆက်များ ထောင်တွင်း ရေးဖွဲ့ခဲ့သည့် ကဗျာနှင့် သီချင်းများ သီဆိုပွဲ ကျင်းပဖွယ်ရှိ
Written by The Voice Weekly Wednesday, 01 February 2012 11:53
အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ ဖြစ်သော ၈၈ မျိုးဆက် ကျောင်းသားများ အကျဉ်းထောင်အတွင်း ရေးဖွဲ့စပ်ဆိုထားသည့် ကဗျာနှင့် သီချင်းများကို သီဆိုမည့် အခမ်းအနားတစ်ရပ် ကျင်းပဖွယ်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးအောင်သူက ပြောကြားသည်။
More News ...
- ထားဝယ်ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောစကား ကောက်နှုတ်ချက်များ
- သတ်မှတ် အပြောင်းအလဲများ လုပ်ဆောင်လျှင် စီးပွားရေး ပိတ်ဆို့မှု အားလုံး ရုတ်သိမ်းလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို
- ဒေါ်အောင်ဆန်းစုကြည်ကို ပါကစ္စတန် သမ္မတ ဒီမိုကရေစီဆု ချီးမြှင့်
- မြင်းခြံတွင် နဘူးအိုင် စက်မှုမြို့တော် တည်ထောင် ရင်းနှီးမြုပ်နှံရန် တရုတ် အဆိုပြု
Page 1 of 3
Announcement
» http://thevoicemyanmar.com တွင် နေ့စဉ် နောက်ဆုံးရ သတင်းများ တင်ဆက်ခြင်းနှင့်အတူ ပိုမို ကောင်းမွန် ပြည့်စုံအောင် အဖက်ဖက်မှ ကြိုးပမ်း လုပ်ဆောင်လျက် ရှိပါသည်။ အဆင်မပြေမှုများ ရှိပါက နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Web Team
The Voice Weekly









